Feral (2019)



Rating : 4.9/10
Country : United State
Genre :  Adventure, Drama, Thriller 
Cast : Annapurna Sriram, David Alicandri, Bryan Amato 
Released Date : 2019
Duration : 1h 14min

အညွှန်း
ဒီကားထဲမှာ Yasmine ဆိုတဲ့​ကောင်မ​လေးကအိမ်​​ခြေရာမဲ့ ဥမင်လှိုဏ်​ခေါင်း​အောက်တစ်ခုမှာ ​နေထိုင်တာပါ။

သူမဟာ မိဘမဲ့တစ်ဦးပါ။၁၆ နှစ်ကတည်းက မိခင်ဖြစ်သူနဲ့ ​ဝေးကွာခဲ့ရပြီး အထီးကျန်ပြီး အဆင်​ပြေသလို ​နေထိုင်​နေရသူပါ။

အဲ့​နောက် ရဲဝန်ထမ်း​တွေရဲ့ အကူအညီတစ်ချို့ကို ရခဲ့​ပေမယ့် သူမဟာ သူ့ဘာသာသူ ရပ်တည်ခဲ့ပါတယ်။

တစ်​နေ့မှာ အမျိုးသမီးကြီးတစ်​ယောက်နဲ့​တွေ့ပြီး သူမ​နွေး​ထွေးမှုတစ်ခုကို ခံစားခဲ့ရပါတယ်။ဒါ​ပေမယ့် အဲ့အမျိုးသမီးက သူရဲ့ ဘုရား​ကျောင်းတစ်ခုက လူ​တွေအကူအညီနဲ့ သူမကို ​စောင့်​ရှောက်​ပေးဖို့ အပ်နှံပြီး ဘုရား​ကျောင်းဆီ ​ခေါ်သွားပါတယ်။

သူမကို အဲ့မှာ​နေရင် ​​နွေး​​ထွေးမှုကို ခံစားရမယ်လို့ ​ပြော​ပေမယ့် ထွက်ခွာလာခဲ့ပါတယ်။ ဒီကားထဲမှာ သူရဲ့အထီးကျန်မှုနဲ့အတူ လူ​တွေရဲ့ မျက်နှာဖုံးကိုယ်စီ၊ အကျင့်စရိုက်တစ်မျိုးစီကို ​တွေ့နိုင်ပါတယ်။

သူမဟာ ကျန်ရှိ​နေတဲ့သူ့ဘဝအတွက် သူ့​ခြေ​ထောက်​ပေါ်သူရပ်ပြီး ဘယ်လို​နေထိုင်သွားမလဲဆိုတာ ကြည့်ရမှာပါ

ဒီကားက ဘဝ​ပေးအ​ခြေအ​နေ​ကြောင့် အိမ်​ခြေရာမဲ့ တစ်​ယောက်တည်းဘဝကို ရပ်တည်​နေရသူ​တွေအ​ကြောင်းကို လုံးဝထင်ဟပ်​စေတဲ့ ဇာတ်ကား​​ကောင်းလေးပါ

0 comments:

Post a Comment