Shirley (2020)

Rating : 6.1/10
Country : United State
Genre :  Biography, Drama, Thriller
Cast : Elisabeth Moss, Odessa Young, Michael Stuhlbarg
Released Date : 2020
Duration : 1h 47min 

 ဇာတ်လမ်းလေးကတော့ လျို့ဝှက်သည်းဖိုဇာတ်လမ်းတွေရေးတတ်တဲ့ Shirley ဆိုတဲ့ စာရေးဆရာမ အကြောင်းပါ။ ဒါပေမဲ့ သူ့ရဲ့ဇာတ်လမ်းဇာတ်အိမ် တွေ ဘယ်လိုရလာလဲလို့ ပရိသတ်ကြီးထင်ပါသလဲ။ ဒီကားလေးသာကြည့်လိုက်ပါနော်။

အင်္ဂလိပ်စာဆရာ လုပ်ချင်တဲ့ ဖရက် က သူ့ဇနီးလေးနဲ့ စတန်လေ ဆိုတဲ့ ပရော်ဖက်ဆာ လက်အောက်မှာ အလုပ်လုပ်ရင်း ပရော်ဖက်ဆာ ဖြစ်ဖို့ကြိုးစားနေခဲ့ပါတယ်။ စတန်လေ ကလည်းပျော်ပျော်နေတတ် စတတ်နောက်တတ်တဲ့ ဆရာပီပီ ကျောင်းဝန်းထဲမှာလည်း တော်တော်စွံတဲ့သူပေါ့။ စတန်လေ ရဲ့ မိန်းမက စာရေးဆရာမ Shirley ပါ။ သူက စာမရေးတာကြာပြီးတော့ အိပ်ရာပေါ်မှာပဲ နေတာဖြစ်နေတော့ စတန်လေ က ဖရက် ရဲ့ မိန်းမကို အိမ်အကူသဘောမျိုး ကူညီတောင်းပါလေရဲ့။

Shirley လည်း ကောင်မလေးကို တွေ့တာနဲ့ စိတ်ဝင်စားပြီး သူ့ဘဝအကြောင်းကိုမေး ၊ ပြီးတော့ စတန်လေ ရဲ့ကျောင်းက ပျောက်သွားတဲ့ ကျောင်းသူလေးအကြောင်းကိုလည်း စုံစမ်း၊ ဇာတ်သိမ်းအတွက် အဖြစ်မှန်ဖြစ်အောင်ဆိုပြီးတော့ သူဖန်တီးလိုက်တဲ့အခါမှာတော့ . . . . စတန်လေ ကတော့ပြောပါတယ် ဇာတ်လမ်းကပေါက်မယ့်ဇာတ်တဲ့ အရမ်းကောင်းတယ်တဲ့။ Shirley ကတော့တစ်လုံးချင်းပြောလိုက်တယ် ဒီစာအုပ်ကတော့ သူ့အတွက် အရမ်းနာကျင်ရပါတယ်တဲ့. . . . ကဲပရိသတ်ကြီး ဘာတွေဖြစ်သွားတာလဲ ကြည့်ကြည့်လိုက်တော့နော်… 18+ လေးလည်းပါတော့ နားကြပ်လေးတပ်ပြီး Drama/Thriller genre စိတ်ဝင်စားရင်တော့အိုခေမှာပါ ။ ။

0 comments:

Post a Comment