M.S. Dhoni: The Untold Story (2016)



Rating : 7.7/10
Country : India
Genre :  Biography, Drama, Sport 
Cast : Sushant Singh Rajput, Kiara Advani, Anupam Kher
Released Date : 2016
Duration : 3h 4min

အညွှန်း
ဒီကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ခရစ်ကက်ကစားသမား မဟီဒရာဆင်းဒွန်နီရဲ့ ဘဝဇာတ်ကြောင်းကို ခရေစေ့တွင်းကျကျ ရိုက်ပြထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒွန်နီဟာ အိန္ဒိယခရစ်ကက်လက်ရွေးစင်အသင်းကို ဆယ်စုနှစ်မျာစွာ ဝေးကွာနေတဲ့ ICC Cricket World Cup ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိအိန္ဒိယအသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။

လောကကြီးက ဆန်းကြယ်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာ ပုံသေကားချပ်တစ်ခုလို ရေးဆွဲထားပြီးဖြစ်ပေမဲ့ ဘယ်အချိန် ဘာဖြစ်မလဲဆိုတာကို ကြိုသိခွင့်မပေးပါဘူး။ ဒါကြောင့်လည်း ဘောလုံးအားကစားကိုသာ ဝါသနာပါတဲ့ ဒွန်နီဟာ ဆရာကောင်းတစ်ဦးရဲ့ စောင်မမှုကြောင့်သာ သူ တကယ်ပါရမီရှိတဲ့ တကယ်အောင်မြင်မယ့် ခရစ်ကက်အားကစားနည်းနဲ့ ထိတွေ့ခွင့်ရခဲ့ပြီး အိန္ဒိယရဲ့ ခရစ်ကက်အကျော်အမော်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ Neeraj Pandey က ဇာတ်ကားကို ICC Cricket World Cup ဗိုလ်လုပွဲမှာ အိန္ဒိယအသင်းနဲ့ သီရိလင်္ကာအသင်းတို့ ယှဉ်ပြိုင်နေပုံနဲ့ စဖွင့်ထားပါတယ်။ အိန္ဒိယအသင်းဟာ သီရိလင်္ကာအသင်းရဲ့ ကစားပုံအောက်မှာ အရေးမလှဖြစ်နေပြီး အမှတ်တွေ ဆုံးရှုံးခဲ့ရပြီးနောက်မှာတော့ နားနေခန်းထဲကနေ ပွဲကိုစောင့်ကြည့်နေတဲ့ ဒွန်နီက ကိုယ်တိုင်ဝင်ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နည်းပြနဲ့တိုင်ပင်ပြီး ကွင်းထဲကို ဝင်လာခဲ့တဲ့ အချိန်မှာတော့ အိန္ဒိယအသင်းရဲ့ ပရိသတ်တွေဟာ ဒွန်နီရဲ့နာမည်ကို အားကိုးတကြီး ဟစ်ကြွေးနေကြပါတယ်။ အဲဒီနောက်မှာတော့ ဒွန်နီ မွေးဖွားခဲ့တဲ့ (၁၉၈၁)ခုနှစ်ဆီ ပြန်ရောက်သွားမှာဖြစ်ပြီး ဒွန်နီရဲ့ ငယ်ဘဝဖြတ်သန်းပုံတွေ၊ ဘဝရဲ့ဒုက္ခအခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ကျော်ဖြတ်ပုံတွေ၊ အချစ်ရေးမှာ ခံစားခဲ့ရပုံတွေအပြင် အောင်မြင်မှုကို ဘယ်လိုရယူခဲ့သလဲဆိုတာတွေကို စွန့်စားခန်းဝတ္ထုတစ်ပုဒ် ဖတ်နေရသလိုမျိူး ရင်ဖိုလှိုက်မောစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

IMDb Rating 8.1 ရရှိထားပြီး အကဲဖြတ်တွေရဲ့ ချီးကျူးမှုတွေတသီကြီး ရရှိထားတဲ့ ဒီကားဟာ ရုပ်ရှင်ပရိသတ်တစ်ယောက်အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူ့တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပျင်းရိငြီးငွေ့ဖွယ်မဖြစ်အောင် ပုံဖော်ထားတဲ့ ရုပ်ရှင်အတတ်ပညာကိုလည်း တွေ့ရှိရမှာဖြစ်ပြီး ခရစ်ကက်အားကစားနည်းရဲ့ အနုပညာကိုပါ ခံစားခွင့်ရပါလိမ့်မယ်။

0 comments:

Post a Comment