Da 5 Bloods (2020)



Rating : 6.8/10
Country : United State
Genre :  Adventure, Drama, War
Cast : Delroy Lindo, Jonathan Majors, Clarke Peters 
Released Date : 2020
Duration : 2h 34min

Gorge Floyd ကိစ္စနဲ့ အနောက်နိုင်ငံတွေမှာ အုံအုံကြွကြွဖြစ်နေကြတဲ့အချိန် Netflix ကနေ အသစ်ထွက်ထားတဲ့ Da 5 Bloods ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်

IMDb 6.9 ပါ ဇာတ်လမ်းကတော့ဗျာ 1955 ကနေ ၁၉၅၇ ထိဖြစ်ပွားခဲ့တဲ့ Vietnam War ကနေအစချီထားတယ် အဲ့ခေတ်ကာလက အမေရိကန်လည်း လူဖြူလူမည်းကိစ္စတွေဖြစ်နေကြတဲ့အချိန် ဆိုတော့ Vietnam War မှာ လူမည်းတွေကို ရှေ့တန်းပို့ထားကြတယ်

အဲ့မှာတိုက်ကြပြုကြရင်း လူမည်း ၅ ယောက်က သွေးသောက်ရဲဘော်တွေဖြစ်လာကြတယ်

ဒီလိုနဲ့ သူတို့ ၅ ယောက်က စစ်တိုက်ရင်း ရွှေချောင်းသေတ္တာကြီးရကြရောဗျာ ခင်ဗျားတို့ပဲ စဉ်းစားကြည့် ကိုယ်တိုင်ကလည်း အဖိနှိပ်ခံဘဝနဲ့ တစ်ခြားနိုင်ငံမှာ ရှေ့တန်းတိုက်နေရတယ်

မိသားစုကိုလည်း အဓိကရုဏ်းတွေနဲ့ ဘာဖြစ်နေမှန်းမသိရဘဲ အဖြူကောင်တွေခိုင်းတာ လုပ်နေရတဲ့အချိန်

ဒီကြားထဲ သူ့နိုင်ငံမှာရောက်နေတဲ့ လူမည်းတွေကို လူဖြူတွေနဲ့သွေးကွဲစေဖို့ ဗီယက်နမ်ကလည်း စစ်ရေးဗြူဟာတစ်ခုအဖြစ် ဆောင်ရွက်နေလေတော့ ခင်ဗျားတို့ဆိုရင်ရော ဘာလုပ်မှာလဲ အဖြူကောင်တွေကို ပြန်ပေးကြမလား ?

ဒီ ၅ ယောက်ကတော့ ငါတို့လူမည်းတွေကို ပြန်ပေးမယ်ဆိုပြီး မြေတူးပြီးမြှုပ်ပစ်ခဲ့ကြတယ်ဗျာ သူသူကိုယ်ကိုယ် အဲ့လိုပဲလုပ်မိမှာပဲလေ စစ်ကြီးပြီးဆုံးပြီး ကြာတော့မှ စုပြီးလာပြန်တူးကြတဲ့ ဇာတ်လမ်းပေါ့

ကံမကောင်းစွာနဲ့ သေသွားတဲ့ သူတို့ရဲဘော်တစ်ယောက်ကိုလည်း လာပြန်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမှာပါ

ဒီလောက်နှစ်တွေအများကြီးကြာသွားတော့ သူတို့ရှာနေတဲ့ဟာကို ပြန်တွေ့မလား မတွေ့ဘူးလားဆိုတာကတော့ စိတ်ဝင်စားစရာပဲနော်

0 comments:

Post a Comment