A Street Cat Named Bob (2016)



Rating : 7.3/10
Country : United State
Genre :  Biography, Drama, Family
Cast : Luke Treadaway, Bob the Cat, Ruta Gedmintas
Released Date : 2016
Duration : 1h 43min

အညွှန်း
သခင်သွားလေရာနောက်လိုက်ပြီး High fiveလုပ်တတ်တဲ့ကြောင်လေးBobကို တော်တော်များများသိကြမှာပါ

Jamesရဲ့အချစ်တော်ကြောင်ဝါကျားလေးBobဟာ တလောကပဲဆုံးသွားတဲ့အတွက် အားလုံးစိတ်မကောင်းဖြစ်နေကြပါတယ်

ဒါကြောင့်သူကွယ်လွန်သွားတဲ့အထိန်းအမှတ်အနေနဲ့ ဒီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့ ဆေးစွဲနေတဲ့Jamesတစ်ယောက်

အိမ်ခြေယာမဲ့ဘဝနဲ့ ဝမ်းရေးအတွက်ဂစ်တာတစ်လက်နဲ့ဖျော်ဖြေပြီး ရုန်းကန်နေချိန်မှာ

ဆေးပြန်သုံးမိခဲ့ပြီး ဆေးလွန်ကာ ဆေးရုံရောက်သွားခဲ့ပါတယ်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေတဲ့Valနဲ့တွေ့ပြီး နောင်တရနေတဲ့Jamesကို ဘဝမပျက်စေချင်တဲ့အတွက် ဆေးဖြတ်ဖို့ကူညီပေးပြီးနေစရာစီစဉ်ပေးခဲ့ပါတယ်

နေရာသစ်ကိုရောက်ရောက်ချင်းညမှာ အစာလာခိုးတဲ့ကြောင်လေးတစ်ကောင်ကိုတွေ့ပြီး ပိုင်ရှင်ကိုလိုက်ရှာရန်ကြိုးစားပေမယ့်

မတွေ့တဲ့အတွက် အပြင်မှာထားခဲ့တဲ့နောက်မှာ ဒဏ်ရာနဲ့ပြန်တွေ့ရတဲ့အတွက် Jameတစ်ယောက်မျက်နှာမလွှဲရက်တော့ပဲ ကြောင်လေးBobကိုမွေးစားထားခဲ့ပါတယ်

Jamesဂစ်တာတီးရာနောက်ကို ငြိမ်ငြိမ်လေးလိုက်နေတတ်တဲ့Bobကြောင့်

သူတို့တွေတနေ့တခြားနာမည်ကြီးလာပေမယ့် အခက်အခဲတွေနဲ့ကြုံလာရတဲ့အခါမှာ

Jamesတစ်ယောက်ဆေးဖြတ်ဖို့ကြိုးစားရင်း ပြဿနာမျိုးစုံကို အတူတကွဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ကြည့်ရှူခံစားရမှာပါ

0 comments:

Post a Comment