You Are Beautiful (2009)

16 Episodes

Rating : 8.2/10
Country : South Korean
Genre : Friendship,Music,Comedy,Romance,Drama
Cast : Jang Geun Suk,Park Shin Hye,Jung Yong Hwa,Lee Hong Ki

ဒီဇာတ်လမ်းတွဲလေးကို 2009 ခုနှစ်မှာပြသခဲ့တာဆိုတော့ ဒီနှစ်ဆိုရင် ၁ဝနှစ်ရှိသွားပါပြီ။ OST songတွေကအစ အရမ်းhotဖြစ်ခဲ့ပြီး albumပထမဆုံးထွက်ရှိတဲ့ရရက်အတွင်းမှာတင် အချပ်ရေ ၂ဝဝဝဝရောင်းချရတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒီတော့ ဇာတ်လမ်းတွဲကြည့်ပြီးရင် OSTတွေနားထောင်ဖို့လည်း မမေ့ကြနဲ့ဦးနော်။
You’re beautifulဇာတ်လမ်းတွဲလေးက Romance, comedyအမျိုးအစားဖြစ်တဲ့အပြင် musical dramaလည်းဖြစ်တာမို့လို့ ရသမျိုးစုံကိုပေးစွမ်းနိုင်မှာပါ။
ပရိသတ်အချစ်တော်များဖြစ်ကြတဲ့
Park Shin-hyeက အမွှာKo Mi-nyeo/Ko Mi-namအဖြစ်၊
Jang Keun-sukက Hwang Tae-kyungအဖြစ်၊
CNBLUE bandမှ Jung Yong-hwaက Kang Shin-wooအဖြစ်၊
F.T.Island bandမှ Lee Hong-giက Jeremyအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Hwang Tae-kyung, Kang Shin-wooနဲ့ Jeremyတို့က A.N.Jell bandရဲ့memberတွေဖြစ်ကြပါတယ်။ Ko Mi-namကတော့ A.N Entertainment auditionမှာ အောင်မြင်ခဲ့ပြီး A.N.Jell bandရဲ့ memberအသစ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Mi-namက ခွဲစိတ်မှုကိုအပြီးသတ်ဖို့ U.Sကို မဖြစ်မနေသွားရမှာပါ။ ဒါကြောင့် Mi-namရဲ့မန်နေဂျာက Mi-namရဲ့အမွှာဖြစ်သူMi-nyeoကို Mi-namအနေနဲ့ခဏတာ ဟန်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သီလရှင်ဖြစ်ချင်တဲ့Mi-nyeoက အစမှာတော့ ငြင်းဆန်နေခဲ့ပေမယ့် သူတို့မောင်နှမအောင်မြင်လာရင် သူတို့အမေကို ရှာရတာ ပိုလွယ်ကူလာမယ်လို့ယူဆတာကြောင့် Mi-namအဖြစ်ဟန်ဆောင်ဖို့ သဘောတူလိုက်ပါတော့တယ်။ ဒီလိုနဲ့ Mi-nyeoက မာနကြီးသူHwang Tae-kyung, နူးညံ့အေးဆေးသူ Kang Shin-woo, ပျော်ပျော်နေတတ်သူJeremyတို့နဲ့ ဆုံတွေ့ရပါတော့တယ်။
Memberအဟောင်းတွေနဲ့ အသစ်ဖြစ်သူတို့ သဟဇာတဖြစ်ပါ့မလား။ Mi-nam အယောင်ဆောင်ထားတဲ့Mi-nyeoကို မိန်းကလေးမှန်းသိသွားရင် Memberအဖြစ် A.N.Jellက ဆက်ပြီးလက်ခံကြပါ့မလား။ Mi-nyeoကရော လျှို့ဝှက်ချက်ကို ဘယ်အချိန်ထိ ထိန်းသိမ်းတောင့်ခံထားနိုင်မှာလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်စီးမျောခံစားကြမယ်နော်။

0 comments:

Post a Comment