Witch's Romance (2014)

16 Episodes

Rating : 8.1/10
Country : South Korean
Genre : Business,Comedy,Romance
Cast : Uhm Jung Hwa,Park Seo Joon,Han Jae Suk

39နှစ်ရှိပြီဖြစ်တဲ့ အပျိုကြီးBan Ji-yeon(Uhm Jung-hwa)ဟာ
သတင်းထောက်အဖြစ်အလုပ်လုပ်နေပါတယ်။သူမအလုပ်ကသာ
လျှင် ဘဝမှာအရေးအပါဆုံးဖြစ်ပြီး အဲဒီ့လိုအလုပ်ဂျိုးကပ်နေတာကို
သူငယ်ချင်းတွေက နောက်ကွယ်မှာ စုန်းမလို့ခေါ်ဝေါ်ကြပါသေး
တယ်။သူမရဲ့နောက်ဆုံးရည်းစား 41နှစ်အရွယ် ဓာတ်ပုံဆရာ
Noh Shi-hoon (Han Jae-Suk)ဟာ မင်္ဂလာပွဲနေ့မှာ ပျောက်ဆုံးသွားခဲ့တာကြောင့်သာ သူမဟာ အချစ်ကိုငြီးငွေ့စိတ်ကုန်နေ
ပြီး အလုပ်ပေါ်မှာသာအားလုံး ပုံအောထားပါတော့တယ်။

Yoon Dong-ha (Park Seo-joon)ကတော့ 25နှစ်ချာတိတ်ဖြစ်
ပြီး သူငယ်ချင်းနဲ့ စတိုးဆိုင်လေးမှာဝင်ရောက်အလုပ်လုပ်ကိုင်ပါတယ်။သူတို့စတိုးဟာ customerတစ်ယောက်ကို Santa Clausကနေ Idolဖြစ်တဲ့အထိ ပံ့ပိုးပေးနိုင်ပါသေးတယ်။Dong ha
ဟာ ပျော်ရွှင်နေတဲ့ပုံပေါ်ပေမယ့် သူ့ရည်းစားနှလုံးရောဂါသည်
ဆုံးပါးပြီးတဲ့နောက် ခံစားချက်ကိုဖုံးကွယ်သိုဝှက်ထားတတ်သူရယ်ပါ။သူမ သေပြီးတည်းက သူ့ရည်မှန်းချက်တွေ၊အလုပ်အကိုင်တွေ
ပျောက်ဆုံးခဲ့ပါတယ်။

Ji-yeonနဲ့ Dong-ha တွေ့ဆုံပြီး အသက်အရွယ်ကွာပေမဲ့ သူတို့နှလုံးသားတွေကိုဖာထေးပြီး တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေကိုပါ ရှာတွေ့သွားတဲ့နောက်.....

Castsတွေအနေနဲ့ကတော့ Ban Ji-yeonအဖြစ် Wonderful
nightmare ဇာတ်ကားထဲက မမUhm Jung-hwaက ပါဝင်ထားပြီး Yoon Dong-haအနေနဲ့ လတ်တလောက ပြသသွားတဲ့ Itaewon class,What's wrong with secretary Kim? ဇာတ်ကားတွေထဲက မင်းသားချော Park Seo-joonက ပါဝင်ပေးထားပါတယ်။

0 comments:

Post a Comment