Winter Sonata (2002)

20 Episodes

Rating : 7.8/10
Country : South Korean
Genre : Romance,Drama,Melodrama
Cast : Bae Yong Joon,Choi Ji Woo,Park Yong Ha

ပရိသတ်တွေအတွက် ဘေယောင်ဂျွန်းနဲ့ ချွဲဂျီဝူး အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Winter Sonata လေး ပြန်တင်ပေးရင် ပျော်မှပျော်ပါ့မလား မသိဘူးနော်။ ပညာပါရမီထူးချွန်တဲ့ လူငယ်လေး Joon Sang ဟာ ချွန်းချောင်းဆိုတဲ့ တောမြို့လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ အတန်းဖော်တွေ ဆရာမတွေက ဖော်ဖော်ရွေရွေ ရှိကြသလောက် ဖခင်သေဆုံးမှု၊ မိခင်နဲ့အဆင်မပြေမှုတွေကြောင့် စိတ်ထိခိုက်နေတဲ့ Joon Sang ကတော့ ဘယ်သူနဲ့မှ တစ်ရင်းတစ်နှီး အပေါင်းအသင်းမလုပ်ဖြစ်ခဲ့ပါဘူး။တစ်နေ့တော့ ဘတ်စ်ကားစီးရင်း ကျောင်းသွားတဲ့လမ်းမှာ သူ့ပခုံးပေါ် အိပ်ငိုက်ကျလာတဲ့ Yoo Jin နဲ့ ရေစက်ဆုံခဲ့ပြီး မကြာခင်မှာ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ ငယ်ရွယ်သေးတဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝခရီးလမ်းမှာ ကြေကွဲဆို့နင့်ဖွယ် အဖြစ်အပျက်တစ်ခုက စောင့်ကြိုနေလိမ့်မယ် ဆိုတာကိုတော့ လုံးဝကြိုမသိခဲ့ကြပါဘူး။ ပြင်းထန်တဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် Joon Sang ဆုံးသွားပြီလို့ ကြားလိုက်ရတဲ့အခါ Yoo Jin ရဲ့ အိပ်မက်အချစ်ကမ္ဘာလေး ကွဲအက်ကြေမွသွားခဲ့ရပါတယ်။ အဲဒီ့ဒဏ်ရာတွေကို ၁ဝနှစ်ဆိုတဲ့ အချိန်ကာလမှာ တစ်ဖြည်းဖြည်းကုစားရင်း နောက်ထပ်ချစ်ရမယ့်သူ ရှိလာခဲ့ပေမယ့် Joon Sang နဲ့ ချွတ်စွပ်တူတဲ့လူတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ရတဲ့အခါမှာတော့….. ငယ်ချစ်ဦးနဲ့ လက်ရှိချစ်သူကြား နှလုံးသားဗျာများရမယ့်နေ့ရက်တွေ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ ဒီ Winter Sonata စီးရီးလေးဟာ ကြည့်ဖူးတဲ့သူတွေ ဘယ်နှခါပြန်ကြည့်ကြည့် မရိုးနိုင်တဲ့အပြင် မကြည့်ရသေးတဲ့သူတွေလည်း အရမ်းအရမ်းကို သဘောကျမယ့် (IMDb rating – 8.1/10 အထိရထားတဲ့) ဇာတ်ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးပဲ စောင့်မျှော်အားပေးကြပါဦး။

0 comments:

Post a Comment