When Time Stopped (2018)

12 Episodes

Rating : 7.3/10
Country : South Korean
Genre : Romance,Drama,Fantasy
Cast : Kim Hyun Joong,Ahn Ji Hyun,In Gyo Jin

ဒီဇာတ်ကားကတော့ F4 ကား၊ဟန်ဆောင်အနမ်းဇာတ်ကားတို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားချော Kim Hyun Joong ရဲ့စစ်မှုထမ်းအပြီး ၄ နှစ်အကြာမှ ပြန်လည်ရိုက်ကူးခဲ့တဲ့ ပထမဆုံး Serie လည်းဖြစ်ပါတယ်…သူနဲ့အတူ မင်းသမီးချော An Ji Hyun မင်းသားကြီး In Gyo Jin တို့ကလည်းတွဲဖက်ပါဝင်သရုပ်ဆောင်ထားပါတယ်…

ဇာတ်လမ်းအကျဉ်းကတော့…

Joon Woo(Kim Hyun Joong)ဟာ အချိန်တွေရပ်တန့်လို့ရတဲ့ သဘာဝလွန်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ လူသားတစ်ယောက်ပါ..သူဟာ သူ့ရဲ့စွမ်းအားတွေကို လူမသိအောင် လျှို့ဝှက်ထားပြီး အေးဆေးနေတတ်တဲ့သူတစ်ယောက်ပါ… ဘဝရဲ့ ရှင်သန်ရခြင်းအဓိပ္ပါယ်နဲ့ သူ့ရဲ့စွမ်းအားတွေအတွက်တိကျတဲ့အဖြေတစ်ခုကို ရှာဖွေနေတဲ့သူပါ…တစ်နေ့သူအခန်းပြောင်းလာခဲ့ရပြီး အခန်းရဲ့အဆောက်အဦပိုင်ရှင် Kim Sun Ah(An Ji Hyun) နဲ့တွေ့ဆုံခဲ့ပါတယ်… Kim Sun Ah ဟာလည်း ပြင်ပကမ႓ာဖြစ်တဲ့ နတ်ဘုရားတွေနဲ့ ပတ်သတ်နေတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်…

ဒါ့အပြင် Myung Woon(In Gyo Jin) ဟာ နတ်ဘုရားတွေကို သတင်းပို့ရတဲ့ စေတမာန်ဖြစ်ပါတယ်…Joon Wooတစ်ယောက်တိုက်ခန်းပိုင်ရှင်Kim Sun Ahနဲ့တွေ့ပြီးတဲ့နောက်ထူးဆန်းတဲ့ပြင်ပကမ႓ာကဖြစ်ရပ်တွေနဲ့ကြုံတွေ့ခဲ့ရတဲ့အခါ…..
ထူးဆန်းနက်နဲတဲ့အကြောင်းအရာတွေကိုယ်စီနဲ့သူတို့၂ယောက်…. နတ်ဘုရားတွေစေတမာန်တွေဟာ ဒီလူ ၂ ယောက်ရဲ့ဘဝကို ဘယ်လိုတွေပါဝင်ပတ်သတ်လာမလဲ??
Joon Wooတစ်ယောက်သူလိုချင်နေတဲ့စစ်မှန်တဲ့အဖြေကိုရှာတွေ့ပါ့မလား??
တကယ်ကိုစိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် Drama ကားကောင်းတစ်ကားပါပဲ…
တကယ့်ကိုFantasyဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဒီ Drama ကို October ၂၄ ရက်နေ့ကနေစပြီး KBS W ရုပ်သံလိုင်းမှာ အပတ်စဉ် ဗုဒ္ဓဟူး၊ကြာသပတေးနေ့တိုင်း ည(၁၁)နာရီ (KST) တိုင်းမှာပြသသွားမှာပဲဖြစ်ပါတယ်…

စုစုပေါင်းအပိုင်း(၁၂)ပိုင်းပါဝင်မှာလည်းဖြစ်ပါတယ်…

0 comments:

Post a Comment