W Two Worlds (2016)

16 Episodes

Rating : 8.6/10
Country : South Korean
Genre : Action,Suspense,Thriller,Comedy,Romance,Drama,Fantasy,Melodrama
Cast : Han Hyo Joo,Lee Jong Suk

Main Actor အဖြစ်နဲ့ မိန်းကလေးတွေရဲ့ အသည်းကျော် Lee Jong-suk က ပါဝင်သရုပ်ဆောင်ထားပြီးတော့ Main Actress အနေနဲ့ကတော့ Han Hyo-joo က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် …

ဒီဇာတ်ကားဟာဖြင့် မထွက်ရှိသေခင်ကပင် Doctors , Uncontrollably Fond တို့နှင့်အပြိုင် 2016 ခုနှစ်မှာ hot ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး …

ဇာတ်လမ်းအကျဉ်းလေးကတော့ – အိုယွန်ဂျူဟာ မြောင်ဆယ် ဆေးရုံရဲ့ ရင်ခေါင်းခွဲစိတ်ဆရာဝန်မလေးတစ်ဦးဖြစ်ပြီး သူမရဲ့ ဖခင်ဟာ အင်တာနက်ပေါ်မှ ကာတွန်းရုပ်ပြဆရာတစ်ယောက်ဖြစ်ပါတယ် …

သူမရဲ့ ဖခင်ရေးသားနေတဲ့ (W) webtoon ထဲက ဇာတ်ဆောင်ရဲ့နာမည်က ဂန်ချောပါ … သူဟာချမ်းသာရုပ်ချောတဲ့ မီလျံနာတစ်ယောက် ဖြစ်ပါတယ် … တစ်နေ့မှာ ယွန်ဂျူရဲ့ဖခင် ဟာ ကာတွန်းရေးသားနေလက်စကနေ ပျောက်ဆုံးသွားပြီး ယွန်ဂျူ ဟာ သူမရဲ့ဖခင်ဖြစ်သူကို လိုက်လံရှာဖွေနေခဲ့ပါတယ် … ဖခင်ဖြစ်သူရဲ့ အလုပ်စားပွဲပေါ်က ရေးလက်စ ဇာတ်ဝင်ခန်းတစ်ခုကို စူးစိုက်ကြည့်နေရင်းကနေ ဇာတ်လမ်းထဲကို သူမကိုယ်တိုင်ရောက်ရှိသွားပီး ဂန်ချောနဲ့တွေ့ဆုံခဲ့ရပါတယ် …

ဒီဇာတ်ကားလေးဟာ မတူညီတဲ့ ကမ္ဘာနှစ်ခု ကြားက အချစ်ဇာတ်လမ်းပုံစံမျိုးလေးလဲဖြစ်ပါတယ် … သူမရဲ့အဖေရေးသားတဲ့အတိုင်း ဇာတ်လမ်းက ဆက်ဖြစ်နေတာလား ? ယွန်ဂျူနဲ့ ဂန်ချောတို့ တကယ်ဖြစ်သမျှ က ကာတွန်းရုပ်ပြအဖြစ် သရုပ်ပေါ်လာမလား ? ဆိုတာကိုတော့ W-Two Worlds ဆိုတဲ့ ဇာတ်လမ်းလေးထဲမှာ ပြန်ခံစားကြည့်လိုက်ပါနော် …

ဇာတ်အိမ်ဆန်းဆန်းလေးမို့ တခြား Drama ဇာတ်လမ်းတွေနဲ့ မတူပဲ ရသ ဆန်းဆန်းလေးပေးနိုင်မှာဖြစ်တယ့်အတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေဗျာ …

Rating အရဆိုရင်လဲ IMDb မှာ 8.2/10 နှင့် MyDramaList မှာ 8.7/10 တို့ အသီးသီးရရှိထားတဲ့ Rating မြင့် KDrama တစ်ခုပါ …

0 comments:

Post a Comment