Two Weeks Notice (2002)

Rating : 6.1/10
Country : United State
Genre : Comedy, Romance 
Cast : Sandra Bullock, Hugh Grant, Alicia Witt       
Released Date : 2002
Duration : 1h 41min 

 Two Weeks Notice ဆိုတဲ့ဒီရုပ်ရှင်ကို မြန်မာလို အမည်ပေးရရင်ဒီတိုင်းပဲ ဖြစ်စေချင်မိတယ်….မြန်မာကား ၂ ပတ်အလို နဲ့ ဒီကားကို
ယှဉ်ပြီး ပြောနေကြရင်း သတိထားမိလို့ကြည့်လိုက်မိတာ မြန်မာကား နဲ့ တူ မတူ ကတော့မြန်မာကား မကြည့်ဖူးတော့ မသိပါဘူး…ဒီရုပ်ရှင်ကားကို ဆန်ဒရာဘူးလော့ခ် ကပဲပရိုဂျူ့ လုပ်ထားပြီး သူကိုယ်တိုင်မင်းသမီး အဖြစ် သရုပ်ဆောင်ထားတာပါပဲမင်းသားကတော့ မျက်လုံးလှပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသား ဟုဟ်ဂရန့် ပါဇတ်လမ်းပုံစံ က ပြည်သူ့အကျိုးပြု ရှေ့နေမိသားစု က ပေါက်ဖွားလာတဲ့ ဉာဏ်ရည်မြင့်ထက်မြတ်တဲ့ အူကြောင်ကြောင်နိုင်တဲ့ရှေ့နေမလေး လူစီ အကြောင်းဖြစ်ရင် ဖြစ်လိမ့်မယ်….ဘာလို့ဆိုရင် ဒီရုပ်ရှင်က သူ့ အတွက်သူ့နေရာကနေ ဝင်ကြည့်လို့ရမယ့်ပုံစံ မျိုး ဖြစ်နေတာပါလူစီ က ဆင်းရဲတဲ့ ပြည်သူတွေ ဘက်ကနေရပ်တည်ပြီး ခရိုနီတွေ ရဲ့ ချဉ်ဖတ် ဖြစ်နေသူဆိုလဲ မမှားပါဘူး…တစ်ရက်မှာတော့ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အသင်းတိုက် တစ်ခု ကို ၀ိန့်ဒ် မိသားစု ပိုင်လုပ်ငန်းက ကန်ထရိုက်ယူပြီး ဖြိုဖျက်ကာခေတ်မှီအဆောက်အဦး တစ်ခု ဆောက်ဖို့ဖြစ်ပေါ်လာပါတော့တယ်…ဒီ အသင်းတိုက် ဟာ လူစီ နဲ့ သူ့မိဘ နှစ်ပါးရဲ့အမှတ်တရတွေ အပြင် ပြည်သူလူထု လိုအပ်နေတဲ့ရှေးဟောင်း အမွေအနှစ်မို့ မဖျက်ဆီးအောင်ဝိန့်ဒ် လုပ်ငန်းစု ရဲ့ ပိုင်ရှင် တစ်ဦးဖြစ်တဲ့ဝိန့်ဒ်ဂျော်ဂျီ ဆီ ရောက်သွားတဲ့ အခါမှာတော့ဂျော်ဂျီ ကလဲ အကြံပေး ရှေ့နေတစ်ဦး လိုနေတာနဲ့အသင်းတိုက် ကို မဖျက်ဘူး ငါ့ဆီမှာတော့ဒီ ကန်ထရိုက် ကိစ္စ တစ်ခု ပြီးတဲ့အထိ အလုပ်လုပ်ရမယ်လို့အပေးအယူ လုပ်ပြီးနောက် လူစီ က သူမုန်းတဲ့ ခရိုနီသူဌေးလက်အောက် မှာ အလုပ်လုပ်ပေးခဲ့ရပါတော့တယ်…ဒီလောက်က ဘာမှ မထူးဆန်းသေးပါဘူးတကယ့် တန်ပိုမြင့်တဲ့ အပိုင်းကတော့လူစီ အလုပ်က ထွက်ဖို့ ၂ ပတ်အလို မှာဒီဇတ်လမ်း ရဲ့ အကောင်းမွန်ဆုံး အချိန်တွေကစဖြစ်လာတော့တာပါပဲ…..😀စပွိုင်းမိလား မမိလားတော့မသိဘူးအပိုဖြည့်ပြောရမယ် ဆိုရင်တော့ဆန်ဒရာဘူးလော့ခ် က ဒီထဲ မှာအရမ်းကို အူကြောင်ကြောင်နိုင်တဲ့ မိန်းမအလုပ်ပဲ သိ အလုပ်ပဲ ရှိတစ်လောက လုံး နဲ့ အဆင်ပြေအောင် မပေါင်းတက်သူမိတ်ကပ်လိမ်းတာတောင် နည်းမကျဝတ်တာစားတာက တောဂိုက်ပြောရရင် ဇတ်ရဲ့ ကာရိုက်တာ နဲ့လိုက်ဖက်အောင် ပြင်ဆင်ထားတာပါကျနော် အရမ်း သဘောကျတဲ့ မင်းသမီးတစ်ယောက်ပါပဲသူ့ရဲ့ သရုပ်ဆောင်ပညာက အရမ်းကို ကောင်းမွန်သလိုအရမ်းကိုလဲ ချစ်ဖို့ကောင်းတဲ့သူပါပဲ….၂ ပတ် အလိုကို သိချင်ရင်တော့ကြည့်လိုက်ကြပါ ဘာဖြစ်မလဲ လို့

0 comments:

Post a Comment