Dogs in the House (2020)

Rating : 3.4/10
Country : Korea
Genre : Crime, Drama
Cast : Kim Jeong-pal, Yeong-ho Kim, Seung-hyeon Seo       
Released Date : 2018
Duration : 1h 33min 

ပရိသတ်ကြီးကို 2018 ကစတင် ရိုက်ကူးခဲ့ပြီး 2020 ဇန်နဝါရီလဆန်းပိုင်းလောက်က ထွက်ရှိခဲ့တဲ့ Dogs in the House ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမျိုးအစားကတော့ Crime/Drama ဆိုပေမယ့် ဟာသလေးလည်းနည်းနည်းနှောထားပါတယ်။ဒီဇာတ်ကားရဲ့ နာမည်က အနည်းငယ်တော့ထူးဆန်းတယ်လို့ပြောလို့ရတယ်။Dogs in the House ဆိုတော့ ခွေးပါတဲ့ ဇာတ်လမ်းလေးလားပေါ့။တကယ်က အဲ့လိုမဟုတ်ပါဖူး။အဲ့ထဲက ဇာတ်ကောင်ဖြစ်သူ ဘတ်ဆူရိုဆိုတဲ့သူက သူ့တစ်ဘဝလုံး အကြွေးရှင်ဆီမှာ ခွေးလိုနွားလိုအခိုင်းစားခံရပြီးနောက်ရုန်းထွက်မရတဲ့ ထောင်ချောက်တွေထဲ တိုးဝင်သွားမိပုံလေးကိုတင်စားပြချင်တာပါ။ဇာတ်လမ်းလေးကတော့ အခပေးရေချိုးခန်းပိုင်ရှင်ဖြစ်သူဘတ်ဆူရိုဟာ လူမိုက်တစ်ယောက်ဖြစ်ပြီး အနည်းငယ်ထုံထိုင်းပေမယ့် နဂိုစိတ်ရင်းလေးတော့ကောင်းသူပါ။သူ့မှာ ဝူရှစ်နဲ့ ပိန်သေးဆိုတဲ့ငယ်နိုင် တပည့်နှစ်ယောက်လည်းရှိတယ်။တစ်ရက်မှာတော့ သူရဲ့အခပေးရေချိုးခန်းဆောက်ခဲ့စဉ်က ငွေချေးပေးခဲ့သူ ဂူသူဠေးဆိုသူက အကြွေးနဲ့သူရဲ့ အခပေးရေချိုးခန်းကိုလည်းသိမ်း သူပိုင်ဆိုင်မှုတွေလည်းသိမ်းပြီး သူကိုပါ ထောင်ထဲ ထည့်လိုက်ပါတယ်။ထောင်ကထွက်လာပြီးနောက်ပိုင်း ဘတ်ဆူရိုလည်းဂူသူဠေးကို သူတပည့်နှစ်ယောက်နဲ့အတူ သွားရှာပါတော့တယ်။အဲ့နောက်တော့ဘယ်လိုတွေ ဆက်ဖြစ်မယ်။ဇာတ်လမ်းအလှည့်အပြောင်းဘယ်လိုလာမယ်ဆိုတာကိုယ်တိုင်ပဲ ခံစားကြည့်စေချင်ပါတယ်။ဒီဇာတ်ကားထဲမှာ အရေးအကြောင်းကြုံလာရင်ပြောင်းလဲတတ်တဲ့လူတွေရဲ့စိတ်နေစိတ်ထား၊ငွေဆိုတဲ့အရာကအရမ်းရင်းနှီးကြတဲ့လူတွေကြားမှာ တောင်ဘယ်လောက်ထိဖောက်လွဲဖောက်ပြန်ဖြစ်စေတယ်ဆိုတဲ့အကြောင်းသားသမီးတွေငယ်စဉ်မှာ မေတ္တာငတ်တာမျိုး၊ရည်မှန်းချက်ရိုက်ချိုးခံရတာမျိုးဆိုရင် ကြီးလာရင် ဘယ်လိုတွေပြောင်းလဲတတ်တယ်စတာတွေကို သင်ခန်းစာပေးထားပြီးတွေးတောစရာတွေအများကြီးပါတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ကြည့်ပြီးရင် တစ်ခုခုတော့ ယူသွားနိုင်လိမ့်မယ်လို့ထင်ပါတယ်။အဆုံးသတ်မှာလည်း ကိုရီးယား thriller ကားတွေထုံးစံအတိုင်း မထင်မှတ်တာလေးတွေပါတတ်လို့ လိုက်ပါစီးမျောခံစားကြည့်ကြပါလို့ပြောချင်ပါတယ်။

0 comments:

Post a Comment