True Memoirs of an International Assassin (2016)

Rating : 5.9/10
Country : United State
Genre :    Action, Comedy, Crime 
Cast :  Kevin James, Kim Coates, Maurice Compte 
Released Date : 2016
Duration :  1h 38min

ကားကတော့ ဟာသရော အမိုက်စား အက်ရှင်ခန်းတွေကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ
ဒီဇာတ်ကားမှာဆိုရင် အူကြောင်ကြောင် ကုမ္ပဏီဝန်ထမ်း Sam ဟာဆိုရင် action ဝတ္ထုရေးတာကို အရမ်းရူးသွပ်ပြီး သူ့တစ်ဘဝလုံး ဝတ္ထုတွေရေးနေခဲ့ပေမယ့် ပုံနှိပ်ထုတ်ဝေခြင်း မလုပ်နိုင်တဲ့ စာရေးဆရာတစ်ယောက်ပါ တစ်နေ့မှာ သူ့ရဲ့ နိုင်ငံတကာကြေးစားလူသတ်သမားတစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းဆိုတဲ့ စိတ်ကူးယဉ်ဝတ္ထုကို လိုင်းပေါ်မှာ e-book အဖြစ် ထုတ်ဝေပေးမယ့်သူ ပေါ်လာခဲ့ပါတယ် ဒါပေမယ့် တကယ်တမ်းသူ့စာအုပ် လိုင်းပေါ်ရောက်တဲ့အခါမှာတော့ ဖြစ်ရပ်မှန်ဆိုတဲ့ စကားလုံးတစ်လုံးအပိုပါလာပြီး မထင်မှတ်လောက်အောင် ရောင်းအားကောင်းတဲ့စာအုပ်ဖြစ်သွားပါတယ်
တခြားတစ်ဖက်မှာ ဒီစာအုပ်ကြောင့် သူ့ကိုခြိမ်းခြောက်ပြီး ကြေးစားလုပ်ခိုင်းချင်တဲ့ နိုင်ငံရေးသမားတွေ မူးယစ်ရာဇာတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရတဲ့အခါမှာတော့ Sam တစ်ယောက် သူ့စာအုပ်ထဲက တကယ့် ပရော်ဖက်ရှင်နယ် ကြေးစားအဖြစ် ဘယ်လိုဖြေရှင်းမလဲဆိုတာ ဟာသမြောက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုခံစားနိုင်ဖို့တင်ဆက်လိုက်ပါတယ်

0 comments:

Post a Comment