Nine Lives (2016)

Rating : 5.3/10
Country : United State
Genre :  Comedy, Drama, Family 
Cast :  Kevin James, Kim Coates, Maurice Compte 
Released Date : 2016
Duration :  1h 27min

နာမည်ကျော် သူဌေးကြီး တွမ်ဘရန့် ဟာ သူ့မြို့မှာ အထပ်အမြင့်ဆုံး အဆောက်အဦးတစ်ခုကို တည်ဆောက်ပြီးမှတ်တမ်းဝင်နိုင်ဖို့ လုပ်နေပါတယ် ဒါပေမယ့် သူ့သမီးလေး မွေးနေ့ကိုလဲ မေ့နေပြန်တဲ့ အလွန်အလုပ်များတဲ့ သူတစ်ဦးပါ…တွမ် မှာ ပထမ အိမ်ထောင်ရှိခဲ့ပြီး သားတစ်ယောက် ရှိပြီး ထိုသားဖြစ်သူ ဒေးဗစ် မှာလဲ ဖခင် ၏ အသိအမှတ်မပြုခံရတဲ့အပြင်ဖခင် အား မြင်ချင်တွေ့ချင်သဖြင့် ဖခင် ၏ အလုပ်တွင် ဝန်ထမ်းလာလုပ်နေရသူ ဖြစ်ပါတယ်…
မိသားစု အား အမြဲလိုလို အချိန်ပေးဖို့ မစဉ်းစားပဲ မိမိ အလုပ်ကိုသာ ဦးစားပေးတက်သော တွမ် ၏ ဒုတိယ အိမ်ထောင်တွင်ရရှိထားသော သမီးဖြစ်သူ ရေဗက္ကာ သည် အထီးကျန်နေသော သူမ အတွက် ကြောင်ကလေး တစ်ကောင် ပူဆာသဖြင့်ကြောင်မုန်းလှသော တွမ် တစ်ယောက် လမ်းဘေး ချောင်ကြိုချောင်ကြား တစ်ခု မှ မစ်စတာ ပါကာ ၏ ကြောင်သီးသန့် ရောင်းသောဆိုင်သို့ ရောက်ရှိသွားပြီး ကြောင်လေးတစ်ကောင်ကို ဝယ်ယူလိုက်ပါတယ်…ထိုဝယ်ယူလိုက်သော နေ့မှာပဲ တွမ် တစ်ယောက် ကံဆိုးမိုးမှောင်ကျကာ သူ ပြိုင်ဆိုင် ဆောက်နေသော အထပ်အမြင့်တိုက်ပေါ်မှ ပြုတ်ကျကာမသေရုံတမယ် မေ့မျှောသွားပါတော့တယ်…သူပြန်သတိရလာသော အခါတွင်တော့ သူဌေးကြီး တွမ်ဘရန့် မဟုတ်တော့ပဲ သူ့သမီးကို လက်ဆောင်ပေးရန် ဝယ်ယူလာသောကြောင်လေး တစ်ကောင်သာ ဖြစ်သွားခဲ့သောအခါ…..

0 comments:

Post a Comment