Traders (2015)

Rating : 6.2/10
Country : United State
Genre : Thriller 
Cast :   Killian Scott, John Bradley, Nika McGuigan
Released Date : 2015
Duration :  1h 30min

ဟယ်ရီဖော့စ်ဆိုတာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဇိမ်ခံတိုက်ခန်းလဲရှိသလို ကားအကောင်းစားပါပိုင်တဲ့လူတစ်ယောက်
ဒါပေမယ့် တစ်နေ့တော့ သူ့ကုမ္ပဏီဒေဝါလီခံရဖို့ဖြစ်လာတော့ သူပိုင်ဆိုင်ထားသမျှတွေ ဆုံးရှုံးရတော့မယ်
အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗာနွန်ဆိုတဲ့ လူက လာပြီးကမ်းလှမ်းတယ် ရှင်းရှင်းလေးပါ
သူပိုင်ဆိုင်ထားသမျှတွေ အကုန်ချရောင်း ပိုက်ဆံတွေကို အိတ်ထဲထည့် သူ့လိုပဲ လူတစ်ယောက်ကို ရှာ အဲ့လူကိုလည်း
ပိုင်ဆိုင်သမျှတွေ အကုန်ချရောင်း နှစ်ဦးနှစ်ဖက်ရင်ဆိုင်
လောင်းကစားသဘောနဲ့ နိုင်တဲ့လူက ပိုက်ဆံတွေအကုန်ယူ
အဲဒီဉာဏ်ကြီးရှင်ဗာနွန်ကတော့ ပြောပါတယ်
ဒါ စီးပွားရေးပဲ အမြန်ဆုံးချမ်းသာနိုင်တဲ့ စီးပွားရေးပဲတဲ့
ဟယ်ရီ့ခမျာလည်း မလုပ်လို့ကမဖြစ်တော့လည်း သူပြောတဲ့အတိုင်းလက်ခံလိုက်ရတော့တယ်
နောက်တော့ သူနဲ့ပြိုင်ရမယ့်သူက …ဒီကားရဲ့ဇာတ်လမ်းက အရင်တုန်းက ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ အကြောင်းအရာပုံစံမျိုးပါ…
ဒါကြောင့်လားပဲမသိ ခရမ်းချဉ်သီးတောင် ၆၂ရာခိုင်နှုန်းနဲ့ လတ်လတ်ဆတ်ဆတ်လေးပဲ
ကောင်းလားမကောင်းဆိုတာတော့ ကြည့်မှသိမှာပေါ့ ဒီကားက ဆုတစ်ခုတောင်ရခဲ့သေးတယ်
ဒီကားက ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်လွတ်မခံစေဖို့ပြောလိုက်ပါရစေ……

0 comments:

Post a Comment