Suicide Squad (2016)

Rating : 6.0/10
Country : United State
Genre : Action, Adventure, Fantasy 
Cast :  Will Smith, Jared Leto, Margot Robbie 
Released Date : 2016
Duration : 2h 3min 

ype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။
Amanda ရဲ့ အကြံအစည်အောင်မြင်မလားဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလားSuicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် 😛ဇာတ္ကားရဲ့ အဓိက အားသာခ်က္တစ္ခုကေတာ့ characters ကိုက္ညီမႈရိွတာပါပဲအထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/အော် ဒါနဲ့ …. နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက်အစပျိုးထားတဲ့ post credits sceneပါပါ တယ်မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီးသတိလေးပေးထားပါရစေ။

0 comments:

Post a Comment