Tokyo Ghoul: 'S' (2019)

Rating : 5.7/10
Country : Japan
Genre : Action, Drama, Fantasy
Cast : Masataka Kubota, Maika Yamamoto, Nobuyuki Suzuki
Released Date : 2019
Duration : 1h 41min

Tokyo Ghoul Live action ရဲ့ ဒုတိယမြောက်ကား ထွက်လာပြန်ပါပြီ….
ပထမတစ်ကားတုန်းကတော့ Live Actionထဲမှာ မ Failတဲ့ Live Action တစ်ခုအဖြစ် ပြသွားခဲ့ပါတယ်။

CGIကောင်းကောင်းတွေသုံးထားပြီးတော့ နာမည်ကြီး မင်းသာဖြစ်တဲ့ Masataka Kubota ( Death Note , High And Low 1,2,3 , Gintama 1,2 ,) ကိုလည်း ထည့်ပြီးရိုက်ကူးထားပြီးတော့ အရမ်းကိုအောင်မြင်သွားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ အခုဆိုရင် နောက်ထပ် တစ်ကားအဖြစ်ထပ်မံထွက်ရှိလာပြီးတော့ Anime ထဲကလိုနဲ့ မတူကွဲပြားတဲ့ ရိုက်ချက်တွေ ဇာတ်ကောင်တွေကိုလည်း ပြသထားပါတယ်။
ဇာတ်ကားလေးအကြောင်းကိုပြောရမယ်ဆိုရင်တော့
အရင်တစ်ကားမှာပြီးသွားတဲ့ အဆက်ကနေပဲ ပြန်စရမှာပါ… မင်းသားအနေနဲ့ အခုအချိန်အထိ လူရဲ့အသားကို မစားသေးသလို လူတွေကိုသတ်ဖြတ်တာကို လည်း လက်မခံသေးပါဘူး ။ အဲဒီလိုအချိန်မှာ အရမ်းအနံ့ခံကောင်းပြီး အစာမက်တဲ့ Ghoulတစ်ကောင် ဆုကီယာမာ နဲ့တွေ့ပါတော့တယ် ။

မင်းသား ကာနယ်ကီ ရဲ့ အနံ့ကောင်းနေတယ်ဆိုတာကလည်း မင်းသားက လူတစ်ပိုင်းGhoulတစ်ပိုင်းဖြစ်နေတာဖြစ်တဲ့အပြင် ရီဇယ် ရဲ့ သွေးကြောင့်လည်း ကာနယ်ကီဟာ အရမ်းကိုအနံ့ကောင်းတဲ့Ghoulတစ်ကောင်ဖြစ်နေပါတယ်။ ဆုကီယာမာဟာ ကာနယ်ကီ နားကိုချဉ်းကပ်လာပြီးတော့ သူ့ကိုစားဖို့အတွက်နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပါတော့တယ်။ ဆုကီယာမာ ကလည်းဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ကာနယ်ကီ ကိုချဉ်းကပ်မလဲ……
ကာနယ်ကီအနေနဲ့ရော ဆုကီယာမာနဲ့ ဘယ်လိုတိုက်ခိုက်မလဲ….

Animeကြည့်ပြီးသားသူလည်း ပြန်ပြီး အနွှေးလေးအနေနဲ့ ကြည့်သင့်သလို Expectationကို လည်းမကျစေရပါဘူး။ Live action ကိုပဲကြည့်တဲ့သူတွေအတွက်လည်း အရမ်းကောင်းတဲ့ အပိုင်းတစ်ပိုင်းဖြစ်ကြောင်းပြောရင်း…..

0 comments:

Post a Comment