The Wolf of Wall Street (2013)

Rating : 8.2/10
Country : United State
Genre :    Biography, Crime, Drama 
Cast :  Leonardo DiCaprio, Jonah Hill, Margot Robbie  
Released Date : 2013
Duration : 3h 
 

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

အရမ်းကောင်းတယ်။ ဇာတ်က မြူးတယ်။ The Great Gastby မှာ သူဋ္ဌေးကြီး တစ်ယောက်ပုံစံ သရုပ်ဆောင်ခဲ့တဲ့ လီယိုနာဒို ဟာ ဒီဇာတ်ကားမှာ လူလည်စီးပွားရေးသမား၊ ရင်းနှီးမြုပ်နှံသူ၊
Stock breaker တစ်ယောက်အဖြစ် (ပြေတီဦးပြောတဲ့ အလှုပ်ဇာတ်ရုပ် ကို) ပီပြင်အောင် သရုပ်ဖော်သွားတယ်။ ဒါ့အပြင် အော်စကာ Nominee ဟာသမင်းသား Jonah Hill ကို သူရဲ့လက်ထောက်အဖြစ် ထည့်ထားတော့ ဇာတ်က ပိုပြီး Hilarious ဖြစ်သွားတယ်။ငွေကြေးအမြတ်အစွန်းတွေ အများကြီးရလိုက်လို့ ကုမ္ပဏီရုံးခန်းထဲမှာ ပါတီပေးပြီး
Stripper တွေ အုပ်လိုက်ကြီးခေါ်ထည့်လိုက်တဲ့ အခန်းတွေဆို မပြုံးဘဲ ဝါးလုံးကွဲရီရတယ်။လီယိုနာဒိုက ဒီဇာတ်ကားမှာ လူလည်တစ်ယောက်၊ FBI က ဂရုတစိုက်စောင့်ကြည့်နေတဲ့ သန်းကြွယ်သူဋ္ဌေး၊ Wall Street ရဲ့ မြေခွေးလို့ သတ်မှတ်ထားတဲ့ ဂျင် ပေါ်က ထုံး၊ သူက အဆင့်မြင့် တက္ကသိုလ်ကြီး တွေက ဘွဲ့ရပညာတတ် မဟုတ်ဘူး။ စီးပွားရေးကို ဝါသနာပါ လို့ဆိုတာထက် သူဋ္ဌေးဖြစ်ချင်စိတ်နဲ့ ကြိုးစားခဲ့သူ။ အလုပ်ကို ရူးရူးသွပ်သွပ်၊ passion နဲ့အားကြိုးမာန်တတ်ကြိုးစားသူ၊ သူဋ္ဌေးတွေအိပ်ထဲက ငွေတွေကို သူ့ အိပ်ထဲရောက်
လာအောင် စကားပရိယယ်ဆင်ပြီး ရင်းနှီးမြုပ်နှံခိုင်းသူ၊ လက်အောက်ငယ်သားတွေ ကို
တပြေးညီ ဆက်ဆံတတ်သူ၊ သူလို ကြွယ်ဝချမ်းသာလာအောင် စိတ်ဓါတ်ရေးရာအရ ရိုက်သွင်းပေးသူ၊ မြာပွေသူ၊ အပျော်အပါးလိုက်စားသူ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊အမေရိကန် ရဲ့ ဘဏ်/ ငွေကြေး ပေါ်လစီ၊ ရင်းနှီးမြုပ်နှံမှုတွေ နဲ့ Stock exchange တွေ
အကြောင်း နားလည်တဲ့သူတွေဆို ဒီ ဇာတ်လမ်းရဲ့ ဇာတ်သဘော အရသာကို ပိုပြီးခံစားမိနိုင်တယ်။ ငွေကိုရေလိုသုံးနိုင်တဲ့ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ရဲ့ အကြောင်းမို့
လိင် အပျော်အပါးနဲ့၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေကို ဇာတ်ဝင်ခန်းတော်တော် များများ မှာ ထည့်ရိုက်သွားတယ်။ 

0 comments:

Post a Comment