Introducing My Boyfriend (2020)

Rating : 
Country : Korea
Genre :  Comedy, Family, Fantasy
Cast :                         
Released Date : 2020
Duration : 1h 28min

ဒီကားလေးကတော့ မိသားစု Comedy,Fantasy ကားလေးတကားဖြစ်ပြီးမိသားစုနဲ့အတူတူ အိမ်မှာနေရင်းအေးဆေးကြည့်လို့ရမယ့်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ ချွဲဟော့ဆိုတဲ့သူက မိန်းမမရှိပဲမီနာဆိုတဲ့ သမီးလေးကိုတစ်ယောက်တည်း
ပြုစုပျိုးထောင်လာခဲ့တဲ့ Single Father တစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့သားအဖနှစ်ယောက်သမီးလေး၁၂နှစ်အရွယ်ရောက်တဲ့အထိနေလာရင်းချွဲဟော့လည်း ဆေးပေးမီးယူ အဖြစ်နဲ့ နေထိုင်သွားဖို့မင်းဂျောင်းဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ဖူးစာဆုံခဲ့ပါတယ်။ဒါပေမယ့် အဖေကိုအရမ်းချစ်တဲ့သမီးလေးမီနာကတော့ သူအဖေကိုတခြားမိန်းမနဲ့ယူမှာလုံးဝသဘောမတူပါဖူး။အဲ့ချိန်ကစပြီးချွဲဟော့တစ်ယောက်သမီးနဲ့ချစ်သူကြားဗျာများရတော့တာပဲ။မီနာလေးကလည်း မင်းဂျောင်းကိုမြင်တာနဲ့ရန်လုပ်တတ်သလို မင်းဂျောင်းကလည်းမီနာလေးဆိုးတာကိုတဖြည်းဖြည်းစိတ်ကုန်လာပါတယ်။ဒီလိုမတည့်အတူနေနှစ်ယောက်တရက်မှာထူးဆန်းတာတစ်ခုဖြစ်သွားခဲ့ပါတယ်။ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ဒီကားလေးကိုပဲ ကိုယ်တိုင်ခံစားကြည့်စေချင်ပါတယ်။မိသားစုတွေအချင်းချင်းစည်းလုံးသင့်တယ်ဆိုတဲ့အသိပညာလေးလည်းရသလို မပျင်းရအောင်ဟာသလေးတွေလည်းညှပ်ထည့်ထားလို့ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။

0 comments:

Post a Comment