Blue Story (2019)

Rating : 5.6/10
Country : United State
Genre :  Crime, Drama
Cast :  Stephen Odubola, Micheal Ward, Khali Best            
Released Date : 2019
Duration : 1h 31min

ဒီတစ်ခါမှာ​တော့ Action / Drama ဇာတ်ကား​ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။Blue Story လို့အမည်ရတဲ့ ဒီကားဟာဆိုရင်​တော့ 2019မှာ ထွက်ရှိလာတာဖြစ်ပြီး 2020ခုနှစ်အတွက် NME (best film award) ကို ရရှိခဲ့တဲ့ ဇာတ်ကား​ကောင်းတစ်ကား ဖြစ်ပါတယ်။လန်ဒန်မြို့ရဲ့ အ​ရှေ့​တောင်ဘက်ခြမ်းမှာ​ Peckham Youths နဲ့ Ghetto Boys ဆိုတဲ့ ဂိုဏ်း၂ဂိုဏ်းအကြားက အားပြိုင်မှုဟာ ပြင်းထန်လွန်းလှပါတယ်။နယ်​မြေစွဲ​တွေနဲ့ အမြဲတမ်းတိုက်ခိုက်​နေကြတဲ့ အဖွဲ့ ၂ဖွဲ့ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ​တော့ မာကို ဟာ Peckham Youths အဖွဲ့​ခေါင်း​ဆောင်ရဲ့ ညီ ဖြစ်ပြီး သူ့ဆီမှာ အချစ်ဆုံးသူငယ်ချင်း တင်မီ ရှိပါတယ်။ မာကို နဲ့တင်မီတို့ဟာ အတူသွား အတူစားကြရင်း ညီအကို​ရင်းချာ​တွေလို ​နေထိုင်ကြတာ ဖြစ်ပါတယ်။
တစ်ရက်မှာတော့ အ​ကြောင်းတစ်စုံတစ်ရာ​ကြောင့် သူတို့နှစ်​ယောက် အချင်းများကြပြီး ​နောက်ဆုံး တင်မီက Ghetto Boys အဖွဲ့ထဲ​ရောက်သွားပါ​တော့တယ်။တချိန်က အရမ်းချစ်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်​ယောက်ရဲ့ အငြိုးကြီးလှတဲ့ အားပြိုင်မု​တွေမှာ ဘယ်သူက အနိုင်ရရှိသွားမှာလဲဆိုတာ ​နောက်ဆုံးအချိန်ထိ စိတ်၀င်တစား ​စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။Street Wars ကြိုက်တဲ့ပရိသတ်​တွေ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းထဲမှာ သုံးထားတဲ့ hiphop တေး​သွားတွေကလည်း ဇာတ်ရှိန်ကိုအမြင့်ဆုံး​ရောက်​အောင် ဆွဲတင်​ပေးထားနိုင်တာကို ​တွေ့ရပါတယ်။

0 comments:

Post a Comment