The Neon Demon (2016)

Rating : 6.2/10
Country : United State
Genre : Horror, Thriller
Cast :  Adelaide Clemens, Kit Harington, Sean Bean
Released Date : 2016
Duration : 1h 57min

Model ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ Log Angeles ကို ရောက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ထားတဲ့ဇာတ်။ LA ရဲ့ ဖက်ရှင်လောကကြီးထဲက နေရာ (၁)နေရာရပ်တည်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် မနာလိုဖြစ်
ကြတာတွေ၊ အထီးကျန်ရတာတွေ၊ ပြိုင်ဆိုင်ရတာတွေကို အမြင်ဆန်းဆန်းရိုက်ချက်လေးတွေနဲ့ မီးမောင်းထိုးပြထားတာပါ။ အသက်(၁၆)နှစ်ပြည့် မွေးနေ့ကျင်းပပြီးတာနဲ့ LA ကိုရောက်လာတဲ့ အပြစ်ကင်းဖြူစင်တဲ့ ချာတိတ်မလေးတစ်ယောက်၊
အလုပ်မဖြစ်ခင်တော့ မင်းသား Keanu Reeves ရဲ့ မိုတယ်အပေါစားလေးမှာတည်းရင်း ဘယ်လိုရုန်းကန်ရမှာလဲ… သူမရဲ့ငယ်ရွယ်နုပျိုမှုနဲ့ ဘာတွေကိုအရယူပြီး ထိပ်ဆုံးရောက်အောင် ကြိုးစားမလဲဆိုတာ…..။Keanu Reeves နဲ့ Elle Fanning တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာ Nicolas Winding Refn ရဲ့ လက်ရာကားကောင်းတစ်ခုပါပဲ။ Drive ဇာတ်ကားတုန်းကလို ဘယ်လိုရသအသစ်တွေ ပေးအုံးမလဲဆိုတာ ကြည့်လိုက်ကြပါအုံးနော်။

0 comments:

Post a Comment