20 Episodes
Rating : 7.6/10
Country : South Korean
Genre : Friendship,Comedy,Romance,School,Youth,Drama,Melodrama
Cast : Lee Min Ho,Park Shin Hye,Kim Woo Bin
မင်းသားလီမင်ဟို နဲ့ မင်းသမီးပတ်ရှင်ဟေးတို့ရဲ့
အကောင်းဆုံးတွေထဲက အကောင်းဆုံးစီးရီးတစ်ခုဖြစ်ပါတယ်...
ဒီစီးရီးလေးဟာ
Rating 7.6/10 အထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
American Digital Distribution Platform 'Dramafever' နဲ့
Korean Production တို့က ပထမဆုံး Co Produced ပြုလုပ်ထားတဲ့
Drama အမျိုးအစားဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာလည်း တော်တော်လေး Hit ဖြစ်ခဲ့ပြီး
Asia မှာလည်း အရမ်းလူကြိုက်များခဲ့ပါတယ်.....
ဒီစီးရီးလေးဟာဆိုရင်
နာမည်ကြီးစာရေးဆရာမ ( Decendents of the Sun , Goblin) တို့ကို ရေးတဲ့
စာရေးဆရာမ Kim Eun Seok ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ်
Hallyu လောကမှာ နာမည်ကြီး ပရိသတ်အခိုင်အမာရထားတဲ့
Lee min ho နဲ့ Park Shin Hye ကိုတွဲပေးထားပြီး
အရံ ဇာတ်ပို့တွေကအစ နာမည်ရထားတဲ့သူတွေပဲ သုံးထားလို့
မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားခဲ့တဲ့စီးရီးလေးလည်းဖြစ်ပါတယ်...
ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်
ချမ်းသာပြီးအထီးကျန်ဆန်နေရတဲ့သူဌေးသားလေး ကင်တန်နဲ့
သူဆင်းရဲမလေး ချားအွန်ဆန်းတို့ လူငယ်နှစ်ယောက်ရဲ့
မိုးနဲ့မြေ မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်...
တကယ်တော့ အချစ်ဆိုတာ ပကာသနတွေမလိုပါဘူး...
တကယ်ချစ်လာကြတဲ့ အချိန်ကျရင်တော့ တစ်ယောက်နဲ့တစ်ယောက်
ပင်လယ်ပြင်ကြီးနဲ့ကောင်းကင်ကြီးလောက်ပဲ ဝေးဝေး
နှလုံးသားချင်းထပ်တူကျသွားမှာပါ........
0 comments:
Post a Comment