16 Episodes
Rating : 8.9/10
Country : South Korean
Genre : Thriller,Mystery,Horror,Supernatural,Detective,Investigation
Cast : Kim Dong Wook,Kim Jae Wook,Jung Eun Chae
ကိုရီးယားလူမှုအသိုင်းအဝန်းမှာ ဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ အကြောင်း၊ သိပ္ပံနည်းနဲ့အဖြေရှာလို့မရတဲ့ ထူးဆန်းမှုတွေအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီထူးဆန်းမှုတွေကို ဖြေရှင်းမယ့် လူ ၃ ဦးတော့ ရှိပါတယ်။ အကြားအမြင်ဆရာ၊ ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ထောက်လှမ်းရေးမှူးတို့ပဲ ဖြစ်ပါတယ်။ ယွန်းဟွာဖြောင် (ကင်ဒုံဝု) ဟာ အကြားအမြင်ဆရာတဦးဖြစ်ပါတယ်။ သူဟာ အကြားအမြင်ပညာရှင် အသိုင်းအဝန်း မိသားစုထဲကနေ မွေးဖွားခဲ့သူဖြစ်ပြီးတော့ လူတွေဆီမှာ ဝင်ပူးနေလေ့ရှိတဲ့ မကောင်းဆိုးရွား တွေကို ရှာဖွေပြီး အဲဒီ့မကောင်းဆိုးရွားတွေကို နှင်ထုတ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ချွဲယွန်း (ကင်ဂျယ်ဝု) ကတော့ ခရစ်ယာန်ကတ်သလစ် ဘုန်းတော်ကြီးတဦးဖြစ်ပါတယ်။ လူတွေအပေါ် အဆိုးမြင်တတ်သူ ဖြစ်ပြီး သွေးအေးသူတယောက်လည်း ဖြစ်ပါတယ်။ တခြားသူတွေနဲ့ ပတ်သက်ဆက်နွယ်ပြီး ရှုပ်ရှုပ်ရှက်ရှက်နေရမှာ မကြိုက်တတ်သူတယောက်ပါ။ သူ့့ကို တစ္ဆေနှင်သူတဦးအနေနဲ့ နာမည်ကျော်ကြားသူဖြစ်ပါတယ်။ ဂန်ဂီယောင်း (ဂျောင်းအွန်းချယ်) ကတော့ ထောက်လှမ်းရေးမှူးတဦးဖြစ်ပါတယ်။ သူကတော့ မကောင်းဆိုးရွားနဲ့ ပရလောကဆိုတာကို ရှိတယ်လို့ ယုံကြည်တဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ချွဲယွန်းနဲ့ ယွန်းဟွာဖြောင်တို့နဲ့တွေ့ပြီးတဲ့နောက်ပိုင်း သူ့ရဲ့ အတွေးအမြင်တွေ ပြောင်းလဲခဲ့ရပါတော့တယ်။ သူတို့ ၃ ဦးရဲ့ သရဲနှင်ကြတဲ့ ပုံစံတွေ၊ ပရလောကနောက်ကွယ်က ဖြစ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမယ့် ဒရာမာ တခုဖြစ်ပါတယ်။
0 comments:
Post a Comment