The Girl with All the Gifts (2016)

Rating : 6.6/10
Country : United State 
Genre :  Drama, Horror, Sci-Fi 
Cast :  Sennia Nanua, Fisayo Akinade, Dominique Tipper
Released Date : 2016
Duration : 1h 51min

 ဒီကားလေးဟာ ၂၀၁၆ တုန်းကထွက်ထားပြီး rating 6.7 IMDb ရထားတဲ့ Horror ကားလေးပါ။ကမ္ဘာပေါ်မှာ ရောဂါကပ်ဆိုးကြရောက်တဲ့အခါ ဖြေဆေးထုတ်ဖို့ စမ်းသပ်ခံရတဲ့ကောင်မလေး မယ်လန်နီ နဲ့သူ့ကိုစာသင်ပေးတဲ့ ဆရာမ ဂျက်စတင် တို့ကြားက
သံယောဇဉ် ကူးစက်ခံရတဲ့သူတွေရဲ့ဘဝကို ဇာတ်အိမ်ခိုင်ခိုင် ရိုက်ထားတာပါ။ရောဂါကူးစက်ခံရတဲ့သူတွေကို ဆာလောင်သူတွေလို့ ခေါ်ကြတယ်…မြေအောက်ခမ်းထဲမှာ ပိတ်ထားပြီး စမ်းသပ်ခံရတဲ့ ကလေးတွေထဲမှာမယ်လန်နီ ကအတော်ဆုံးဉာဏ်အကောင်းဆုံးပါ။ဉာဏ်ကောင်းလွန်းတဲ့ မယ်လန်နီလေးကို သူ့ဆရာမက သဘောကျပြီးခေါင်းလေးကို သွားပုတ်မိလိုက်တယ်။မယ်လန်နီကလည်း ဆာလောင်သူတွေထဲက တစ်ဦးပါပဲ။သူတို့က လူအနံ့ရတာနဲ့ ရောဂါထတော့တာပါပဲ။နောက်တော့ အပြင်မှာရှိတဲ့ ဆာလောင်သူတွေကြောင့် ကာထားတဲ့ခြံစည်းရိုး ပျက်စီးသွားတယ်မြေကျင်းထဲမှာရှိနေတဲ့သူတွေအကုန်ထွက်ပြေးရတယ်..ဖြေဆေးထုတ်ဖို့ ကြိုးစားနေတဲ့ ဒေါက်တာ ကာဝယ် ဆရာမ တပ်ကြပ်ကြီးနဲ့သူ့ရဲဘော်တွေ နဲ့ မယ်လန်နီ တို့ ကားထဲအတူပါသွားကြတယ်။မယ်လန်နီ က ဆာလောင်သူတွေထဲကတစ်ယောက်ဆိုတာ မမေ့လိုက်နဲ့ဦးနော် ပရိတ်သတ်ကြီး။ကဲ မယ်လန်နီ က ရောဂါထဖောက်ပြီးပဲ သူတို့တွေကို စားပစ်လိုက်မလားဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ထိတ်လန့်ဖွယ်ရာကြည့်ရမယ့်Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…

0 comments:

Post a Comment