The Girl on the Train (2016)

Rating : 6.5/10
Country :  United State
Genre :  Crime, Drama, Mystery 
Cast :  Emily Blunt, Haley Bennett, Rebecca Ferguson 
Released Date : 2016
Duration :  1h 52min

‘ ငါ့အမျိုးသားက ငါ့ကိုအမြဲတမ်းစိတ်ကူးယဉ်တယ်လို့ပြောတတ်တယ်
ငါမတတ်နိုင်ဘူးလေ ငါဆိုလိုချင်တာက မင်းဟာရထားစီးနေရင်းနဲ့ ရထားလမ်းဘေးကလူတွေရဲ့ ဘဝကဘယ်လိုလဲဆိုတာ စဉ်းစားကြည့်ဖူးလား???
မင်းမနေဖူးတဲ့ဘဝမျိုးတွေလေ အဲ့ဒါတွေက ငါသိချင်နေတဲ့အကြောင်းတွေပဲ’Emily Bluntရဲ့ 2016နှစ်ကုန်နီးကမှထွက်တဲ့ DVDလေးအကြောင်း လက်တို့ပါရစေ။ ဒီ Movieကို ကျွန်တော့်ဖေးဗရိတ်ထဲကျွန်တော်ထည့်လိုက်ပါတယ်။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ခြင်းမတူနိုင်ပါဘူး။ ဒီ Movieဟာ ခံစားသူအပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးထွက်နိုင်ပါတယ်။မူရင်းစာရေးဆရာရည်ညွှန်းတာကတော Thrillerပါ။ Paula Hawkinရဲ့ အရောင်းရဆုံးစာအုပ် That Shocked The Worldကို ပြန်ရိုက်တာပါ။ DVDကာဗာမှာ Entertainment Weekly က ‘ The Darkest,Sexiest,Most Daring Thriller of the Year.’လို့ညွှန်းတာကို ဖော်ပြထားပါတယ်။

0 comments:

Post a Comment