The Crowned Clown (2019)

16 Episodes

Rating : 8.5/10
Country : South Korean
Genre : Historical,Romance,Drama,Melodrama,Political
Cast : Yeo Jin Goo,Lee Se Young,Kim Sang Kyung

ကလေးသရုပ်ဆောင်အဖြစ် လူသိများခဲ့တဲ့ Yeo Jin Gooက နန်းတွင်းရိုမန့်မယ်လိုဒရမ်မာ “The Crowned Clown”နဲ့ ပရိသတ်ရှေ့ကို ရောက်ရှိလာပြန်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ လီဗြောင်ဟွန်းပါဝင်ခဲ့တဲ့ ၂၀၁၂ခုနှစ်ရဲ့ “Masquerade”ရုပ်ရှင်ကားကို ဒရမ်မာအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ အာဏာအားပြိုင်ခြင်းနဲ့နန်းလုခြင်းများဖြစ်စေခဲ့တဲ့ ဂျိုဆွန်းအလယ်ခေတ်ကို အခြေခံရိုက်ကူးထားပါတယ်။ ဘုရင်နေရာလိုချင်နေတဲ့လူတွေကြောင့် သူရဲ့ဘဝကိုကာကွယ်ဖို့လိုအပ်တဲ့ဘုရင်တစ်ပါးက သူနဲ့ရုပ်တူတဲ့လူပြက်တစ်ယောက်ကို နန်းတွင်းထဲဝင်ခွင့်ပေးလိုက်တဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမည့်ဒရမ်မာဇာတ်ကားကောင်းဖြစ်ပါတယ်။ မင်းသားYeo Jin Gooက “Hwayugi”ဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ Lee Se Youngနဲ့သရုပ်ဆောင်နေတာဖြစ်ပါတယ်။ Lee Se Youngက ဇာတ်ကောင်နှစ်မျိုးလုံးရဲ့ချစ်မြတ်နိုးခြင်းကိုခံရတဲ့အမျိုးသမီး Yoo So Woonအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇင်ဘာ၁၉ရက်နေ့မှာ tvNရုပ်သံလိုင်းကနေ Yeo Jin Gooရဲ့ဇာတ်ကောင်ပုံတွေကို ထွက်ရှိပေးခဲ့ပါတယ်။ Yeo Jin Gooက ဇာတ်ရုပ်နှစ်မျိုးနဲ့သရုပ်ဆောင်ရတာဖြစ်ပါတယ်။ သူ့ဘဝအန္တရာယ်ထဲကျရောက်နေတဲ့ဘုရင်ရီဟွန်းနဲ့ဘုရင်ရဲ့တောင်းဆိုချက်ကြောင့် ဘုရင်နေရာကို ယူရတဲ့လူပြတ်ဟာဆွန်းဆိုတဲ့ဇာတ်ကောင်နှစ်မျိုးပဲဖြစ်ပါတယ်။ ပုံတွေကို ကြည့်လိုက်မယ်ဆိုရင် ချစ်စရာကောင်းတဲ့Jin Gooနဲ့ သြဇာအပြည့်နဲ့Jin Gooတို့ကို တွေ့ရမှာဖြစ်ပါတယ်။ လူပြတ်ဟာဆွန်းက နွေးထွေးကြင်နာတတ်တဲ့အစ်ကိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တောက်ပတဲ့အပြုံးတွေကို မြင်တွေ့ရပါတယ်။ ဘုရင်ရီဟွန်းကတော့ ဆန့်ကျင်ဘက်ပါပဲ။ သူဟာ ခက်ထန်မာကြောပြီး အန္တရာယ်ရှိတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Yeo Jin Gooရဲ့စရိုက်မတူတဲ့ဇာတ်ကောင်နှစ်မျိုးက ပရိသတ်တွေကို ဆွဲဆောင်ထားပြီး ဒရမ်မာကို ကြည့်ဖို့ မစောင့်နိုင်ဖြစ်နေကြပါတယ်။ ဒီဒရမ်မာကို ဇန်နဝါရီရရက်နေ့တွင် tvNရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမှာဖြစ်တဲ့အတွက် ပရိသတ်တွေကြည့်ရှုရမည့် ကိုရီးယားဒရမ်မာတစ်ကားတိုးလာပြန်ပြီဖြစ်ပါတယ်။

0 comments:

Post a Comment