ARQ (2016)

Rating : 6.4/10
Country : United State
Genre :  Action, Sci-Fi, Thriller 
Cast : Robbie Amell, Rachael Taylor, Shaun Benson 
Released Date : 2016
Duration : 1h 28min

IMDB 6.5 ရရှိထားပြီး အခုလမှထွက်ရှိထားတဲ့ Science Fiction ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးပါ့မယ်။ အချိန်ခရီးသွားရုံသက်သက်မဟုတ်ပဲ တစ်နေရာရာကိုပဲ အကြိမ်ကြိမ်ပြန်လည်ရောက်ရှိနေတဲ့ Looping သဘောမျိုး time travel ပုံစံနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပြီး The Looper လို၊ Edge of tomorrow လိုမျိုးကားတွေကိုသဘောကျသူတွေ အကြိုက်တွေ့မယ့်ရုပ်ရှင်ဖြစ်ပါတယ်။ Renton တစ်ယောက် သူ့ချစ်သူနဲ့အတူနိုးထလာတဲ့အချိန်မှာ လူသုံးယောက်ဟာ ဓာတ်ငွေ့ကာမျက်နှာဖုံးတွေနဲ့အိပ်ခန်းထဲရောက်ရှိနေခဲ့ပြီး သူတို့ကိုဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်ဟာ ARQ ဆိုတဲ့စက်ပစ္စည်းတစ်ခုအကြောင်းပြောပြခဲ့ပါတယ်။ Renton ထွက်ပြေးဖို့ကြိုးစားတဲ့အခါ မအောင်မြင်ပဲ သေဆုံးသွားခဲ့ပေမယ့် နဂိုမူလနေရာကိုပဲပြန်ရောက်နေပြီး အချိန်တစ်ပတ်လည်သွားတာကို အံ့အားသင့်ဖွယ်ကြုံတွေ့ရပါတယ်။ မတူညီတဲ့အဖြစ်အပျက်တွေကို တူညီတဲ့အစပိုင်းကနေ ထပ်ခါထပ်ခါရင်ဆိုင်ကျော်လွှားရင်းနဲ့ပဲ သူ့ချစ်သူရော သူပါ လွတ်နိုင်မလား။ ဘယ်လိုအချိုးအကွေ့တွေကြံုရမလဲ။ သူတို့ကိုချုပ်နှောင်ထားတဲ့သူတွေကရော ဘယ်သူတွေလဲ စသဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ အသစ်အသစ်တွေကို ပရိသတ်အတွက် ကြိုးစားတင်ဆက်ပေးနေတဲ့ထုံးစံအတိုင်း သိပ္ပံဇာတ်ကားတွေထဲပုံစံထူးခြားတဲ့ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

0 comments:

Post a Comment