Tell Me How I Die (2016)

Rating : 5.0/10
Country : United State
Genre :  Horror, Mystery, Thriller
Cast :  Nathan Kress, Virginia Gardner, Kirby Bliss Blanton
Released Date : 2016
Duration : 1h 47min 

ဆေးဝါးအသစ်ထွင်ရင် ကြွက်ဖြူလေးတွေနဲ့စမ်းသပ်တယ်နောက်ယုန်တွေ နောက်မှ လူတွေပေါ့ဒီဇာတ်ကားမှာလဲ ဆေးဝါးတစ်ခုဖော်စပ်တာကနေစပါတယ်သူတို့ဖော်စပ်တဲ့ဆေးကလူသားတွေပျော်ရွှင်စရာမှတ်ဉာဏ်တွေကိုပြန် သတိရချင်တိုင်း သတိရစေမယ့်ဆေးပါ
သူတို့အယူအဆက လူတွေက ပျော်စရာမှတ်ဉာဏ်တွေပြန်တွေးတဲ့အခါစိတ်က နုသွားတတ်တယ် စိတ်ပျိုတော့ ကိုယ်နုဆိုသလိုသက်တမ်းကို ပိုရှည်စေပါတယ်တဲ့သို့သော်လဲ ဒီဆေးကိုစမ်းသပ်ဆဲကာလာဖြစ်နေပြီအပေါ်ကပြောခဲ့သလို လူတွေနဲ့စမ်းသပ်တာမှာအနည်းငယ်ကြန့်ကြာမှုလေးတွေဖြစ်ပေါ်နေပါတယ်ဒါပေမယ့်လဲ ဒေါက်တာ ဂျယ်ရန်တို့အဖွဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်စမ်းသပ်ခံမယ့်သူတွေကို ကြေးကြီးပေးပြီး စမ်းသပ်ခံဖို့ဆွဲဆောင်နေပါတယ်အန်နာကကျောင်းတက်ဖို့ပိုက်ဆံရှာနေသူဖြစ်ပြီး သူမအနေနဲ့အရင်အလုပ်ရှင်ကိုလဲပြန်မတောင်းပန်ချင်တဲ့အခါ သူ့သူငယ်ချင်းပြတဲ့အဆိုပါ စမ်းသပ်ခံ လုပ်အားပေးကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူ့လိုပဲ ကျောင်းသားတွေ လူရွယ်တွေလာရောက်အစမ်းသပ်ခံတာကိုတွေ့ခဲ့ပါတယ်စမ်းသပ်ခံပြီးနောက်မှာတော့ သူတို့ကိုထိုးပေးခဲ့တဲ့ဆေးက ဘေးထွက်ဆိုးကျိုးတွေရှီလာပါတယ်အချိန်ရဲ့ ကမောက်ကမဖြစ်စဉ်တွေကိုခံစားရပြီးအတိတ် လက်ရှိနဲ့ အနာဂတ်တွေကို ရောထွေးလာတာကိုခံစားရပါတယ်အန်နာဆို သေမယ့်လူတွေကိုကြိုမြင်လာတာပါဒီတော့ ဘယ်သူတွေက ဘယ်လိုသေမယ်ဆိုတာသိနေတဲ့အန်နာတစ်ယောက် စမ်းသပ်တဲ့ နေရာကနေလွတ်ဖို့ကြိုးစားပါတော့တယ်အဲ့အချိန်မှာပဲ သူမြင်တဲ့သေတဲ့ အမြင်တွေဟာတစ်စုံတစ်ယောက်ကလိုက်သတ်နေတာကိုသိလာတဲ့အချိန်မှာတော့…

0 comments:

Post a Comment