Sugar Mountain (2016)

Rating : 5.4/10
Country : United State
Genre :  Drama, Thriller
Cast : Jason Momoa, Cary Elwes, Anna Hutchison
Released Date : 2016
Duration : 1h 46min

Imdb rating 5.5 ထိရထားတဲ့ ဒီ Sugar Mountain ဆိုတဲ့ ဇာတ်ကားလေးဟာ ဒါရိုက်တာ Richard Grey ရဲ့ လက်ရာဖြစ်ပါတယ်... ဇာတ်ကားအမျိုးအစားကတော့ Drama အမျိုးအစားဖြစ်ပါတယ် ....

အကြွေးနွံထဲမှာ နစ်နေတဲ့ Miles ဆိုတဲ့ လူငယ်တစ်ယောက်က Alashan တောတွင်းမှာ ဟန်ဆောင်ပျောက်ဆုံးမှုတစ်ခုလုပ်ဖို့ သူ့ရည်းစား Lauren နဲ့ သူ့ ညီ Liem ကို ကူညီခိုင်းခဲ့တယ်...တစ်မြို့လုံးက Miles ကိုရှာဖွေနေတဲ့ အချိန်မှာ ဒေသခံရဲ့မှူးက မရိုးသားတဲ့ လှည့်စားပျောက်ဆုံးမှုကို သံသယ စဝင်လာတယ် ..... ရဲမှူးက စုံစမ်းရင်း အမှန်တရားနဲ့ နီးစပ်လာပေမဲ့...Liem က သူတို့ လျှို့ဝှက်ပြီး လုပ်ထားတဲ့ လှည့်ကွက်ကို ဖုံးကွယ်ဖို့ ကြိုးစားတယ်...ပြီးတော့ ရဲမှူး နဲ့ Lauren ကို ဒုက္ခရောက်စေတဲ့ကိစ္စတစ်ခုကလည်းပေါ်လာတယ်....ဟန်ဆောင်ပျောက်ဆုံးမှုက တကယ့်ပျောက်ဆုံးမှုတစ်ခုလို အသွင်ဆောင်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမလဲ.. သံသယကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတဲ့ ရဲမှူးနဲ့ လိမ်လည်အကွက်ဆင်ပြီး ပျောက်ဆုံးမှူဟာ ဘယ်လို ဆက်ပြီး နှစ်ပါးသွားကြမလဲ....Miles စီစဉ်ထားသလို အကုန်လုံးဖြစ်လာပါ့မလား....ဆိုတာဒီဇာတ်ကားလေးမှာမြင်တွေ့ရမှာပါ...

0 comments:

Post a Comment