Headhunters (2011)

Rating : 7.5/10
Country : United State
Genre :  Action, Crime, Thriller
Cast : Aksel Hennie, Synnøve Macody Lund, Nikolaj Coster-Waldau 
Released Date : 2011
Duration : 1h 36min

ယခုအခါမှာတော့ Headhunters ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။
ဒီကားလေးဟာ Director(Morten Tyldum) ရိုက်ကူးခဲ့တာဖြစ်ပြီး Thrillerနဲ့Action အရောလေး အမျိုးအစားလေးပဲ ဖြစ်ပါတယ်ခ

င်ဗျာ။IMDb (7.6/10)ရရှိထားပြီး Empire Award For Best Thriller ဆုကိုရရှိထားတဲ့အပြင်Best International Film မှာလဲ the Saturn

Awards ဆုကို အနိုင်ရရှိထားသောကြောင့် ဇာတ်လမ်းကောင်းဆိုတာ ညွှန်းနေဖို့တောင် မလိုပါဘူးခင်ဗျာ။
ဇာတ်လမ်းလေးကတော့....
ရော်ဂျာ ဘရောင်း(Aksel Heennie)ဟာ နော်ဝေးနိုင်ငံရဲ့အင်းအားအကြီးဆုံး တစ်ခုဖြစ်တဲ့ Pathfinder ကုမ္ပဏီရဲ့ လူရည်ချွန်တွေကို စိစစ် ခ

န့်ထားပေးတဲ့နေရာက ဘောစိတစ်ယောက် ဖြစ်ပါတယ်။ဘောစိဖြစ်ရခြင်း အကြောင်းကတော့ ဒီလုပ်ငန်းရဲ့နောက်ကွယ်မှာ သူကပန်းချီကား သူခိုးတစ်ယောက်ြ

ဖစ်နေလို့ပါပဲ။သူရဲ့ ဖောက်ထွင်းမှု ကိုတော့ အိမ်တွင်းလုံခြုံရေး နည်းပညာဌာနက အိုဗွီ ကေဂျီကီရု ကထောက်ပံ့ပေးပါတယ်။လော်တီ

(Julie Ølgaard)ဟာ ရော်ဂျာရဲ့ အဆက်ဟောင်းဖြစ်ပြီး ရော်ဂျာက သူနဲ့မဆက်သွယ်ဖို့ ခါးခါးသီးသီး ငြင်းပယ်ခံထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ရော်ဂျာရှာသမျှဟာ သူ့ချစ်ဇနီးဒိုင်ယာနာ(Synnøve Macody Lund) အတွက်ကြီးပဲ ဖြစ်ပါတယ်။ဒိုင်ယာနာ အတွက် ပန်းချီပြခန်းကိုလည်း သူကိုယ်တိုင်ပဲ

ဖွင့်ပေး ခဲ့ပါတယ်။ဒိုင်ယာနာဟာ သူမရဲ့ပန်းချီပြခန်း ဖွင့်ပွဲညမှာတော့ သူခင်ပွန်းရော်ဂျာကို လူတစ်ယောက်နဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။အဲ့ဒီကတော့ ကလက် ဂါဗွီ

(Nikolaj Coster-Waldau)ဖြစ်ပြီး H.O.T.E ဆိုတဲ့ GPS နဲ့ဆိုင်တဲ့ ထောက်လှမ်းရေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်း ဖြစ်ပါတယ်။ေ

ရာ်ဂျာ ဟာ ကလက်ကို Pathfinder အတွက် အလုပ်ရွေးချယ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကလက်ဟာ Pathfinder ရဲ့ အစိတ်အပိုင်းတစ်ခု ဖြ

စ်လာတဲ့အခါ ရော်ဂျာအတွက် ကြီးမားတဲ့ ပြဿနာတွေ နဲ့ အသက်ဘေးအထိပါ ကျရောက် လာတဲ့အချိန်မှာတော့ ရော်ဂျာတစ်ယောက် အသက်ရှင်ဖို့အတွက်

ဘယ်လိုကြိုးစားရုန်းကန်မလဲ ဆိုတာကို ဆက်လက်အားပေးပါအုံး ခင်ဗျာ။
(18+ နှစ်ခန်းပါသောကြောင့် မိသားစုဖြင့် ကြည့်လျှင် ရစ်ကြည့်ပါ)

0 comments:

Post a Comment