5 Episodes
Rating : 7.2/10
Country : South Korean
Genre : Romance,Drama,Family,Melodrama
Cast : Kai,Kurashina Kana
နာကျည်းချက်တစ်စုံတစ်ရာကြောင့် မိဘကိုရော၊ အမိမြေကိုပါစွန့်ခွာပြီး ရေမြေခြားမှာအိမ်မက်တွေအကောင်အထည်ဖော်ရင်း ခက်ခက်ခဲခဲရှင်သန်နေခဲ့တဲ့ အသက်၂၆နှစ်အရွယ် ဓာတ်ပုံဆရာကောင်လေးဟာ မိသားစုအတွက်အမြဲတက်ကြွစွာကြိုးစားနေတဲ့ အသက်၃၁နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံချစ်ကြိုက်မိသွားခဲ့ပါတယ် ..။ ကောင်လေးဟာ ကောင်မလေးရဲ့မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ ပြဿနာတွေကိုကူညီဖြေရှင်းပေးရင်း ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့အကြောင်းအရာကိုသိနားလည်သွားခဲ့ပြီး မိသားစုရဲ့နွေးထွေးမှုကိုတောင့်တလာခဲ့ပါတယ် ..။ ဓာတ်ပုံဆရာကောင်လေးဟာ နောက်ဆုံးမှာမိသားစုကိုရွေးချယ်နိုင်ခွင့် တစ်ဖန်ပြန်ရလာတဲ့အခါမှာ သူရွေးချယ်လိုက်တာက ချစ်သူကိုလား ..? ချစ်သူသင်ပြပေးခဲ့တဲ့ မိသားစုရဲ့တန်ဖိုးကိုလား ..? ဆိုတာကို ကြည့်ရှုရမယ့် Japanese Dramaပဲဖြစ်ပါတယ် ..။ ဓာတ်ပုံဆရာကောင်လေးအဖြစ် EXOအဖွဲ့မှ Kaiကသရုပ်ဆောင်ထားတဲ့အတွက် EXOပရိတ်သတ်တွေကြိုက်ကြမယ်ထင်ပါတယ် ..။ ဒီDramaလေးဟာအပိုင်းငါးပိုင်းရှိပြီးတော့ နှစ်ရက်တစ်ပိုင်းနှုန်းနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
0 comments:
Post a Comment