Secretly, Greatly (2013)

Rating : 6.9/10
Country : Koorea
Genre : Action, Comedy, Drama 
Cast : Soo-hyun Kim, Gi-woong Park, Hyun-Woo Lee         
Released Date : 2013
Duration : 2h 4min

5446လို့ခေါ်တဲ့မြောက်ကိုရီးယားလျှို့ဝှက်စပိုင်အဖွဲ့အစည်းတစ်ခုငယ်ရွယ်တဲ့လူငယ်တွေကို တိုက်ရည် ခိုက်ရည် ဉာဏ်ရည်ပိုင်းတွေအထူးလေ့ကျင့်ပေးထားတယ်ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားကိုစပိုင်တွေအဖြစ် စေလွှတ်ပြီး အသီးသီးဇတ်မြုတ်နေစေပြီး
လျှို့ဝှက်တာဝန်တွေအသီးသီးထမ်းဆောင်ဖို့ပဲ ဒီထဲမှာအတော်ဆုံးလို့ခေါ်ရမဲ့ လူငယ်လေးသုံးယောက်သူတို့က စရိုက်တစ်မျိုးစီနဲ့တောင်ကိုရီးယားထဲမှာ ဇတ်မြုတ်ပြီးအထက်ကအမိန့်တွေကိုစောင့်ရင်းစပိုင်အဖြစ်နေကြတယ် တစ်နေ့တော့ အထက်ကသူတို့၅၄၄၆တပ်ကတပ်ဖွဲ့ဝင်တွေအားလုံးကို suside လုပ်ခိုင်းတယ်အဲ့ဒီအမိန့်ဟာ သူတို့ ၃ယောက်အတွက် ဘာမှ မခက်ခဲပေမယ့်မိသားစုအရေးတွေပါဝင်လာတဲ့အခါမှာတော့ ဆန့်ကျင်မှုတွေဖြစ်လာတယ်ဒွိဟပွားစရာတွေဖြစ်လာတယ် ဒီဇတ်ကားက တခြားစပိုင်ဇတ်လမ်းတွေနဲ့ခပ်ဆန်းဆန်းကွဲထွက်လာတာက အရူးတစ်ယောက်အဖြစ်သရုပ်ဆောင်ပြီးစပိုင်လုပ်နေတဲ့သူပါလာတာပါပဲ အခြား ၂ယောက်က အနုပညာသမားတစ်ယောက်အထက်တန်းကျောင်းသားတယောက်ပါ သူတို့ ၃ယောက်လုံးကိုတော့ပရိတ်သတ်ကြီးရင်းနှီးပြီးသားတွေဖြစ်မှာပါ အထူးသဖြင့် တည်ငြိမ်သူကွီးတယောက်လို့လူသိများတဲ့ Kim soo hyun က ဒီဇတ်ကားလေးထဲမှာ အရူးဇတ်ရုပ်ကနေခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသားတွေဖြစ်တဲ့ Park ki woong နဲ့ lee woo hyun ကလည်းသူ့နေရာနဲ့သူ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဒီဇတ်ကားကို အပိုင်း ၃ပိုင်းခွဲရမယ်ထင်ပါတယ်ပထမပိုင်းမှာရယ်စရာလေးတွေနဲ့စတင်ရင်းတစ်ယောက်စီရဲ့မြှုပ်ကွက်လေးတွေကိုတဖြည်းဖြည်းပြ သွားတယ်ဒုတိယပိုင်းမှာတော့ပရိတ်သတ်တွေကိုမိန်းမောသွားစေမဲ့ အက်ရှင်ခန်းတွေပါလာတယ်တတိယပိုင်းမှာတော့ messageလေးတွေ ပေးသွားလေရဲ့ကိုင်း ဒီလောက်ဆိုတော်သင့်ပြီထင်ပါရဲ့ ခံစားကြည့်လိုက်ပါဦးလို

0 comments:

Post a Comment