16 Episodes
Rating : 9.0/10
Country : South Korean
Genre : Suspense,Thriller,Mystery,Psychological,Law,Drama,Detective,Incvestigation
Cast : Jo Seung Woo,Bae Doo Na,Yoo Jae Myung,Lee Joon Hyuk,Shin Hye Sun
ရွေးတဲ့ အကောင်းဆုံးနိုင်ငံခြားစကားပြော ရုပ်သံဇာတ်လမ်းတွဲ
တွေထဲမှာ အာရှကနေတစ်ကားတည်းသောပါတဲ့ဇာတ်ကားမလို့
စိတ်ဝင်စားပြီး ကြည့်မိသွားတာကနေ အကြိုက်ဆုံးဖြစ်သွားတာ
မနှစ်က ကိုရီးယားရဲ့ အမြင့်ဆုံး ဆုပေးပွဲမှာလည်း အကောင်းဆုံးဇာတ်ကားဆု၊မင်းသားဆု ဇာတ်ညွှန်းဆုနဲ့ တက်သစ်စ
သရုပ်ဆောင်မင်းသမီးဆုတွေ ရရှိခဲ့တယ်
Netflix ကနေလည်း ထုတ်လွှင့်ခဲ့ပြီး Rating တွေ အရမ်းကောင်းခဲ့တယ်
ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ပထမဆုံး
အချစ်အကြောင်း လုံးဝမပြောတဲ့ ဇာတ်လမ်းတွဲတစ်ခု
တော်တော်လေးကို ထူးဆန်းတယ် မင်းသမီးက
Cloud Atlas နဲ့ Sense 8 တို့နဲ့ Hollywood ထိ
ခြေဆန့်နေတဲ့ Bae Doona.…
ဒီကားက သူမရဲ့ ပထမဆုံးပြန်ရိုက်တဲ့ ကိုရီးယားစီးရီး
ဇာတ်လမ်းအကျဉ်းကတော့
ငယ်စဉ်ကရှားပါးတဲ့ရောဂါတစ်ခုကြောင့် စိတ်ခံစားမှုကင်းမဲ့တဲ့
ဟွမ်ရှီမိုဆိုတဲ့သူတစ်ယောက် သူ့ရဲ့အလုပ်က ရှေ့နေ
တော်တယ်ထက်မြက်တယ် အလားအလာရှိတယ်
မှန်ရာကိုမကြောက်မရွံ့ ပြောတယ် လာဘ်မစားဘူး
အပျော်အပါးမမက်ဘူး
ကိုရီးယားမှာက ရှေ့နေကဆရာတစ်ဆူပဲ
တိုင်းပြည်ရဲ့အာဏာကိုစီမံခန့်ခွဲနေရတာ အစိုးရရှေ့နေဆို
ပိုပြီးပါဝါကြီးတယ်
ဒီဇာတ်လမ်းရဲ့အစမှာ လူသတ်မှုတစ်ခုဖြစ်တယ်
စုံစမ်းစစ်ဆေးမှုတွေအရ လူတစ်ယောက်ကိုညွှန်ပြနေတယ်
ဒီတော့လည်း သူ့ကိုဖမ်းပြီးရုံးတင်ထောင်ချလိုက်တယ်
ဒါပေမဲ့ ပြသနာကဒီလောက်နဲ့မပြီးသွားဘူး
ထောင်ချလိုက်တဲ့တစ်ယောက်က သူ့ကိုယ်သူသတ်သေသွားတယ်
မသေခင်မှာသူကလူသတ်သမားမဟုတ်ဘူး
တစ်ယောက်ယောက်နောက်ကွယ်မှာ ရှိတယိဆိုပြီး ပြောသွားတယ်
ဒီတော့ ဒီလူသတ်မှုကို ပြန်အမှုဖွင့်ပြီးပြန်ရှာဖွေရတော့တယ်
မသင်္ကာစရာတွေများတဲ့ ဒီလူသတ်မှုကနေ မီးခိုးကြွက်လျှောက်
လိုက်လာတာက သမ္မတရုံးအထိပါဝင်ပတ်သတ်နေတဲ့
ခြစားမှုတွေ နောက်ကွယ်ကကြိုးကိုင်မှုတွေ
ပါနေတဲ့အခါမှာတော့.......
ဒီကားကြည့်မိတဲ့သူတိုင်း ပထမဆုံးချီးကျူးမှာက
ဒီဇာတ်လမ်းကိုရေးတဲ့ ဇာတ်ညွှန်းရေးဆရာပဲ
ဟာကွက်ကိုမရှိအောင် အချိတ်အဆက်မိအောင် တစ်ပိုင်းနဲ့တစ်ပိုင်း ဘယ်လိုသိမ်းရ ဘယ်လိုဖြတ်ရမလည်းသိအောင် ရေးနိုင်တဲ့စကေးကတော့ လုံးဝအကြမ်း
တကယ်ကိုလေ့လာသင့်တဲ့ ဇာတ်ကားတစ်ကား
နောက်ထပ်က ဟွမ်ရှီမိုနေရာကသရုပ်ဆောင်တဲ့မင်းသား
တစ်ကားလုံး ခံစားမှုကင်းတဲ့ မျက်နှာနဲ့ တစ်ချက်မှမပြုံးတဲ့
အလုပ်ကိုသာအာရုံစိုက်ပြီး ဘယ်သူ့မှဂရုမစိုက်တဲ့နေရာကနေ
သရုက်ဆောင်ထားတာ တော်တော်ကောင်းတယ်
မင်းသမီး Bae Doonaကတော့ပြောစရာမလိုရှယ်ပါ
ဘာကြောင့် အမေရိကန်ထိသွားရိုက်နေရလည်းဆိုတာ
အဖြေကဒီမှာတွေ့ရမယ်
ဒီကားကြည့်ပြီးတုန်းက ဒီကားနဲ့ပတ်သတ်ပြီးပွားမယ်ဆိုပြီး စဉ်းစားခဲ့ပေမဲ့ မရေးဖြစ်ခဲ့
တော်တော်လေးအတွေးပွားရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်
သူတို့နိုင်ငံရဲ့မှားယွင်းနေတဲ့စနစ်တွေကိုထောက်ပြနိုင်အောင်
ရိုက်ခွင့်ပေးထားတာကိုက ကျေနပ်စရာ
ဒီမှာဆိုရင်တော့ အကုန် ၆၆ (ဃ) နဲ့ အထဲဝင်ရမယ့်ကိန်း
ကိုရီးယားစီးရီးလည်းကြည့်ချင်တယ်
ရိုနေတာ လင်လုတာ ရန်ဖြစ်တာလည်းမကြည့်ချင်
လျှို့ဝှက်သည်းဖိုလည်းဖြစ်ရမယ်ဆိုရင်တော့
ဒီဇာတ်လမ်းတွဲကိုသာကြည့်လိုက်ပါတော့
0 comments:
Post a Comment