Secret Boutique (2019)

16 Episodes

Rating : 7.9/10
Country : South Korean
Genre : Romance,Drama,Melodrama,Political
Cast : Kim Sun Ah,Jang Mi Hee,Park Hee Bon,Go Min Shi,Kim Jae Young,Kim Tae Hoon

 MyDrama List မှာ Rating 9/10 တောင်ရရှိထားတဲ့ Ongoing စီးရီးလေးကိုတင်ဆက်လိုက်ပါတယ်။
တစ်ခုကြိုတင်ပြောပြထားချင်တာက မင်းသားမင်းသမီးတွေကို အဓိကကြည့်မယ့်သူတွေကိုကတော့ ဒီဇာတ်လမ်းကို ကြိုက်ကြမယ်မထင်ဘူး။ ဘာလို့ဆို အဓိသရုပ်ဆောင်တွေက အမျိူးသမီးသရုပ်ဆောင်တွေဖြစ်တဲ့အပြင်
မင်းသမီးကြီးတွေပဲ ဖြစ်နေလို့ပါပဲ။ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့များမှာ SBS ကနေ ထုတ်လွှင့်ပြသသွာမှာဖြစ်ပါတယ်။

Castတွေအနေနဲ့ကတော့
➡ Jenny Jang အဖြစ် Kim Sun-a
➡ Kim Yeo-ok အဖြစ် Chang Mi-hee
➡ Wi Ye-nam အဖြစ် Park Hee-von
➡ Lee Hyeon-ji အဖြစ် Go Min-si
➡ Yoon Seon-woo အဖြစ် Kim Jae-young
➡ Wi Jeong-hyeok အဖြစ် Kim Tae-hoon တို့ပဲဖြစ်​ပါတယ်​။

ဇာတ်လမ်းအကျဉ်းလေးက-
*******************
Jenny Jang (Kim Sun-a) က မိဘမဲ့တစ်ဦးဖြစ်တယ်။ အများသုံးရေချိူးအိမ်တစ်ခုမှာ အလုပ်လုပ်ရင်းကနေ
လော်ဘီတစ်ယောက်ဖြစ်လာတယ်။ (လော်ဘီဆိုတာက နိူင်ငံရေးနယ်ပယ်မှာဖြစ်ဖြစ် တခြားနယ်ပယ်မှာဖြစ်ဖြစ်
အဖွဲ့အစည်းတစ်ခုကို ယုံကြည်ကိုးစားလာအောင် ဆွယ်(မဲဆွယ်)ပေးသူ၊ ယုံကြည်မယ့်သူတွေ ရှာဖွေပေးတဲ့သူပေါ့ဗျာ။)
ဒီလိုနဲ့သူမ(Jenny)က J ဆိုတဲ့ ဖက်ရှင်စတိုးဆိုင်တစ်ဆိုင်ဖွင့်ထားတယ်။ ဒါပေမဲ့ ဆိုင်က ရိုးရိုးဆိုင်မဟုတ်ဘူး။အပြင်ပန်းက ကြည့်ရင် အဝတ်အစားတွေ accessoriesတွေရောင်းတာပေါ့။ တကယ့် တကယ်မှာတော့
ဆိုင်အတွင်းထဲမှာက အထက်တန်းအလွှာ(အဘ/ခရိုနီ)တွေရဲ့ပြဿနာတွေကို ဖြေရှှုင်းပေးရတဲ့ အသေးစားLaw Firmတစ်ခုလည်ပတ်နေပြီး
နိူင်ငံရေးနဲ့ပတ်သက်တဲ့လျှိ့ဝှက်ဆက်သွယ်မှုတွေရှိနေတယ်။ ဒီတော့ Jenny ရဲ့ဆိုင်ထဲက ကိစ္စရပ်တွေက ဘာတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ
ဇာတ်လမ်းထဲမှာကြည့်ရှုလိုက်ပါတော့နော်။ ကဲ ရိုတာတွေပဲကြည့်နေရတော့ ငြီးငွေ့နေပြီဆိုရင်
ဒီ Drama,Thrilller အမျိူးစား ဇာတ်လမ်းလေးက ရွေးချယ်စရာတစ်ခုဖြစ်မှာပါ။

0 comments:

Post a Comment