Search WWW (2019)

16 Episodes

Rating : 8.6/10
Country : South Korean
Genre : Friendship,Business,Comedy,Romance,Life,Drama,Family
Cast : Im Soo Jung,Jang Ki Yong,Lee Da  Hee,Jeon  Hye Jin,Lee Jae Wook,Ji  Seung Hyun

ယနေ့ ၂၁ ရာစု လူ့အဖွဲ့အစည်းမှာ အလျင်အမြန်ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းနောက်ကို အမီလိုက်ဖို့ လူတိုင်းကြိုးစားနေရပါတယ်။ လုပ်ငန်းခွင်တွေမှာ၊ အစိုးရအဖွဲ့အစည်းတွေမှာသာမက နေရာတိုင်းမှာ ယောကျာ်း၊ မိန်းမ မခွဲခြားဘဲ အတူလက်တွဲလုပ်ဆောင်နေကြပါပြီ။

ယခင်ကတော့ အမျိုးသမီးတွေက ပုခက်လွှဲတဲ့လက်တွေ၊ အိမ်ထောင်စုထိန်းသိမ်းတဲ့ သူတွေအဖြစ် သတ်မှတ်ခဲ့ကြပေမဲ့ ယနေ့ခေတ်မှာတော့ အမျိုးသမီးတွေက ယောကျာ်းတွေနဲ့ အပြိုင် လုပ်ကိုင်နိုင်စွမ်းတွေကိုပြပြီး ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေမှာ ပါဝင်ပတ်သက်နေကြပါပြီ။

ဒီလိုပါဝင်ပတ်သက်နေလို့ အောင်မြင်တဲ့ အခြေအနေတွေရှိနေပေမဲ့ အလုပ်ခွင်အတွင်းမှာ အမျိုးသမီးတွေက ဖိနှိပ်ချုပ်ချယ်မှုတွေ၊ အဆင့်အတန်းခွဲခြားမှုတွေနဲ့ ကြုံတွေ့နေရတုန်းပါပဲ။ အလျင်အအမြန်ကြီးထွားလာတဲ့ကော်ပိုရိတ်လုပ်ငန်းခွင်တွေမှာ ဒီလိုပြဿနာက အတွင်းမှာ လှိုက်လောင်နေတဲ့ ဖွဲမီးလိုမျိုးပါပဲ။ ဒီလိုပြဿနာတွေကို လူသိခံဖို့ခက်သလို ပွင့်လင်းမြင်သာစွာနဲ့ ဖော်ထုတ်မှုတွေက အနည်းငယ်သာရှိပါတယ်။ ဒီလိုအကြောင်းအရာမျိုးတွေကို တစ်ဖက်တစ်လမ်းက ထောက်ပြနေတဲ့ရုပ်ရှင်တွေရှိခဲ့ပါတယ်။

အခု ညွှန်းဆိုချင်တဲ့ ဇာတ်လမ်းတွဲကလည်း ကိုရီးယားလို တိုးတက်ပြီးနိုင်ငံမှာ ကြုံတွေနေရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဖော်ထုတ်ရိုက်ကူးထားတဲ့ Search: WWW ဇာတ်လမ်းတွဲအသစ်အကြောင်းပဲ ဖြစ်ပါတယ်။

Unicon နဲ့ Barro က ကိုရီးယားနိုင်ငံမှာ လူအသုံးများဆုံး
Search Engine နှစ်ခုပါ။ အချင်းချင်းပြိုင်ဆိုင်မှုတွေ ပြင်းထန်သလို Company နှစ်ခုလုံးရဲ့ CEO တွေကလည်း
အမျိုးသမီးတွေဖြစ်နေတာက ထူးဆန်းမှုတစ်ခုပါ။

Bae Ta Mi က Unicon Company ရဲ့ Marketing Director တစ်ယောက်ပါ။ ထက်မြက်သလို လုပ်ကိုင်နိုင်စွမ်းအပြည့်ရှိပြီး အမြဲတမ်းနိုင်လိုစိတ်ပြင်းထန်သူတစ်ယောက်၊ လက်ရှိအချိန်မှာလည်း သမ္မတ ရွေးကောက်ပွဲကြောင့် အပြိုင်အဆိုင်ဖြစ်နေတဲ့အချိန် Unicon အနေနဲ့ ပိုမိုကောင်းမွန်တဲ့
Search Engine ဖြစ်အောင် နည်းမျိုးစုံကနေကြိုးပမ်းနေသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီးမှာပဲ Top Ten Search List ကို ထိန်းချုပ်တယ်၊ မသမာမှုလုပ်ထားတယ် စွတ်စွဲချက်နဲ့ အတူ တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။

ဒီနေရာမှာ Search Engine အကြောင်းနည်းနည်းရှင်းပြချင်တယ်။ Korea လိုနိုင်ငံမျိုး Top Ten သတင်းခေါင်းစဉ်က အသက်ပါ။ ကျနော်တို့ Twitter သုံးတဲ့သူတွေဆို သိမယ်။ World Wide မှာ ဘာတွေက Trend ဖြစ်နေတယ်ဆိုတာ။ သတင်းတွေအများကြီးကို လိုက်မဖတ်နိုင်တဲ့သူတွေအတွက် ဒီ Top 10 list က သူတို့သုံးတဲ့ ဝန်ဆောင်မှုတွေကို ကျေနပ်လား၊ မကျေနပ်လားဆိုတဲ့ အဖြေပဲ။ fb တစ်ရက်နားလိုက်တာ သတင်းတွေ လွတ်ကုန်တယ်ဆိုသလိုမျိုးပဲ Top 10 စာရင်းက အမြဲတမ်း စက္ကန့်မလပ် Up to Date ဖြစ်နေမှ သူတို့ရဲ့လုပ်ငန်းကအောင်မြင်တာမျိုး။ ရုပ်ရှင်ထဲမှာတော့ အသေးစိတ်ရှင်းထားတယ်။ Digital Marketing သမားတွေ ကြည့်ရင် တော်တော်အကျိုးရှိမယ်။

တကယ်တော့ Bea Ta Mi က ဒီ Unicon ကို နာမည်ကြီး
လာအောင် သူ့ရဲ့ဆရာလို့လည်းခေါ်လို့ရသလို သူငယ်ချင်း Song Ka Kyung နဲ့ အတူတည်ထောင်လာတာ။ ဒါပေမဲ့ ကိုရီးယားရဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီလူတန်းစားစာရင်းဝင် သူဌေးမတစ်ယောက်ရဲ့ ချွေးမဖြစ်နေတော့ Song Ka Kyung က Unicon ရဲ့ CEO နေရာရောက်နေပြီး Bae Ta Mi ကတော့ marketing director အဖြစ်သာရှိနေခဲ့တာပါ။ တကယ်တော့ သမ္မတရွေးကောက်ပွဲနိုင်ဖို့ Unicon ဘက်ကနေ တစ်ဖက်လှည့်နဲ့ပါဝင်ပတ်သက်မှုကို ရုံးတင်စစ်ဆေးတဲ့အခါမှာတော့ Bae Ta Mi က ခေါင်းခံလိုက်ရပါတယ်။ ဒီနေရာမှာ စစ်ဆေးမှုမှာပတ်သက်တဲ့ အကြောင်းအရာတွေကို မရေးတော့ပါဘူး။ ကိုယ်တိုင်ကြည့်ရင်ပိုပီးအရသာရှိပါတယ်။ Search Engine တစ်ခု၊ Click တစ်ချက်က ဘယ်လောက်ထိ အရေးကြီးသလဲ၊ သမ္မတ ရွေးကောက်ပွဲလိုနေရာမျိုးမှာတောင် မသမာမှုတွေပြုလုပ်လို့ရသလဲဆိုတာ တော်တော်
ပညာရပါတယ်။

Bae Ta Mi ရဲ့ ကံဇာတာကဒီလောက်နဲ့မပြီးသေးပါဘူး။
တရားရင်ဆိုင်ပြီးချိန်မှာပဲ Unicon က သူ့ကိုအလုပ်ဖြုတ်ပြီးကန်ထုတ်လိုက်တော့တယ်။ ၁၃ နှစ်လုံးလုံး Company အတွက် မိမိရဲ့ပျိုရွယ်မှုကို ကုန်ဆုံးခဲ့ရတဲ့ Bae Ta Mi အတွက်တော့ အလုပ်ထုတ်ခံရတယ်ဆိုတာ သူ့ကိုသတ်လိုက်သလိုပါပဲ။ ဒါပေမဲ့ တော်လွန်းတဲ့ သူမအတွက် Second chance ကရှိခဲ့တယ်။ Unicon ရဲ့ ပြိုင်ဘက် Barro က သူမကို အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ Barro ရဲ့ကမ်းလှမ်းမှုကို လက်ခံတဲ့လိုက်တဲ့အခါမှာတော့.......

Unicon နဲ့ Barro အကြား
Song Ka Kaung နဲ့ Bae Ta Mi ကြားက ပြိုင်ဆိုင်မှုက
စတင်လာပါတော့တယ်။

0 comments:

Post a Comment