Romeo + Juliet (1996)

Rating : 6.7/10
Country : United State
Genre :    Drama, Romance 
Cast :  Leonardo DiCaprio, Claire Danes, John Leguizamo
Released Date : 1996
Duration :   2h 


Romeo & Juliet အကယ်၍များ တစ်ဦးတစ်ယောက်ကကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်ကိုမေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးးလိယက်ကိုကျွန်တော်သတိရမိလိမ့််မယ်။ စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုကခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ
Romeo & Julietဟာ သက္ကရာဇ်၁၅၀၀ကျော်ကနေယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲအနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးးလိယက်ပြဇာတ်ဟာStared-Crossed Loverလို့ခေါ်တဲ့ သူကကိုယ့်အတွက် ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာသတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်မှာ ” Romeo must die “လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့ လှပမှုကိုအချိုးကျကျ ရောစပ်ထားပါတယ်။ ရုပ်ရှင်ပြန်ရိုက်တဲ့ အခါမှာလည်းဒီနေ့ထိထက်တိုင်တော့ ဟောင်းမသွားသေးတဲ့အကြိမ်ကြိမ် Rebootလုပ်ခံရပြီးတဲ့ ရုပ်ရှင်တစ်ကားအဖြစ်ရပ်တည်နိုင်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ဒီ Versionမှာတော့ Modern ပုံစံနဲ့ ပြန်အသက်သွင်းထားပေမဲ့ရှိတ်စပီးယားရဲ့ ပြဇာတ်ကစကားတွေအကုန်ယူသုံးထားပါတယ်။ဒါကလည်း ဒီကားရဲ့ တစ်မူ ထူးချက်ပါပဲ။သုံးထားတဲ့ မင်းသားကလည်း Leonardo ဖြစ်နေတဲ့အပြင်Juliet နေရာက Clarie Danesရဲ့ နတ်သက်ကြွေတဲ့ အလှကြောင့်ပါအတော်ရုပ်လုံးကြွတဲ့Characterတွေ ဖြစ်လာပါတယ်။ဒီ Versionက Romeo Julietတွေထဲ ကျွန်တော့်အကြိုက်ဆုံးversionဆိုလည်းဟုတ်ပါတယ်။ ကမ္ဘာကြီးက Romancetic မဆန်လှပါဘူးချစ်သူတွေကပဲ ကမ္ဘာကြီးကို Romaceticဆန်စေခဲ့တာပါ။ဟိုးငယ်ငယ်တုန်းကတော့… ဒီဇာတ်လမ်းရဲ့ EndingကိုSad Endingလို့ ကျွန်တော်ထင်မှတ်ဖူးခဲ့ပေမဲ့သည္မွာဘက္ဆီရဲ႕ အေတြးအျမင္အရေတာ့မလြယ္ကူတတ္တဲ့ ဒီလိုကမၻာႀကီးမွာလူနှစ်ယောက်အပြန်အလှန် အဆုံးမဲ့ချစ်ရဲပြီးတဲ့နောက်သူတို့ရဲ့ ဖြစ်တည်မှု အဓိပ္ပါယ်တစ်စုံတစ်ရာရပြီးတဲ့နောက်အတူတူသေဆုံးခဲ့ရခြင်းကို Sad Endingလို့ကျွန်တော် မဆိုချင်ပါဘူး။ ကဗျာတစ်ပုဒ်ထဲကလိုပါပဲ“အနုပညာမှာ ဘဝမှာ အချစ်မှာ အဆုံးသတ်ရန်တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။”

0 comments:

Post a Comment