Romantic Doctor, Teacher Kim 2 (2020)

16 Episodes

Rating : 8.8/10
Country : South Korean
Genre : Romance,Drama,Medical,Melodrama
Cast : Han Seok Kyu,Ahn Hyo Seop,Lee Sung Kyung,Kim Joo Heon

 တက္ကသိုလ်ဆေးရုံတစ်ခုမှာ အရမ်း ရမ်းကိုတော်တဲ့ဆရာ ဝန် '' တစ်ယောက်ရှိခဲ့တယ်။ ဘယ်လောက်တောင် တော်လဲဆို သူခွဲစိတ်ကုသလိုက်တဲ့သူတိုင်း လူနာတိုင်း အကောင်းပကတိ အကုန်ပြန်ဖြစ်တယ်လို့ ကို နာမည်ကြီးတာပါ။ သူ့နာမည်က ဒေါက်တာ '' Boo Yong Joo'' (Han Suk Kyu )။ တစ်နေ့ သူ ဆေးလောက ကနေ ပျောက်ခြင်းမလှ ပျောက်သွားတယ်။

တစ်နေ့ တစ်ခြားနာမည် အသစ်တစ်ခု ''Teacher Kim'' ဆိုတဲ့ နာမည်နဲ့ မြို့ပြင်က ဆေးရုံမှာ ခွဲစိတ်ကုဆရာဝန်တစ်ယောက်ပေါ်လာတယ်။ သူကတော့ ''Boo Ying Joo''ပါဘဲ။ သူဘာလို့ တိတ်တဆိတ် ပျောက်ကွယ်သွားပြီးမှ ပြန်ပေါ်လာသလဲဆိုတာကို Season 1 ကြည့်ဖူးသူတိုင်း သိမှာပါ။

ဒီ Season 2 မှာကော ဘယ်လို ခွဲစိတ်တာတွေကို ကြည့်ရူရမလဲ။ စွန့်စွန်းစားစားနဲ့ လူနာကိုပဲ ကြည့်ပြီး အသက်ကယ်ဖို့ ဆုံးဖြတ်ချက် မြန်မြန်နဲ့ ကျွမ်းကျင်တဲ့ ခွဲစိတ်ပုံ ခွဲစိတ်နည်းတွေကို တွေ့ရမလဲ။

Season 2မှာ ဆိုရင် မင်းသမီး
Cha Eun Jae(Lee Sung Kyung) က ဒုတိယနှစ် ဆေးကျောင်းသူ အနေနဲ့ အတွေ့အကြုံ နည်းနည်းနဲ့ မကြောက်မရွံ့ လုပ်ဆောင်တတ်တဲ့သူ အနေနဲ့ ပါဝင်သွားမှာပါ။

မင်းသားကတော့Seo Woo Jin
(Ahn Hyo Seop)ပါ ။ ဒုတိယနှစ် ဆေးကျောင်းသား Seo Woo Jin ဟာ မထီမဲ့မြင်ပြုတတ်ပြီး သူ့ဘဝမှာ ပျော်စရာ နတ္ထိဆိုတဲ့ ပုံစံနဲ့ ပါဝင်သွားမှာပါ။

''Doldam '' ဆိုတဲ့ ဆေးရုံလေးမှာ ရှိတဲ့ Teacher Kim ၊ မင်းသမီး Cha Eun Jae ၊
မင်းသား့Seo Woo Jinတို့ တွေ့ဆုံပြီး ဘယ်လို တွေ ခွဲစိတ်ကုသမလဲ ?
သူတို့နှစ်ယောက်ကကော ဘယ်လိုတွေ သင်ယူမလဲ?
Teacher Kim ကကော အပြောဆိုးသလောက် ဘယ်လိုတွေ ခွဲစိတ်ပညာရပ်ကို သင်ပေးမလဲ ?

Flower crewထဲက ယူတို့ရဲ့ အချစ်တော် Eun ကလည်း Supporting character ကနေလည်း ပါဝင်ထားတာကိုလည်း တွေ့ရမှာပါ

Romantic ဆန်ဆန် အခန်းတွေလည်း ပါသလို သွေးတွေနဲ့ချည်း ခွဲစိတ်ပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ချင်တယ် ဆိုရင်တော့ Romantic Doctor , Teacher Kim ကို ဒီည 6/1/2020မှာ ထုတ်လွှင့်သွားမှာပါ။ Season 1ကို 2016က ရိုက်ကူးခဲ့ပြီး လေးနှစ်အကြာမှ Season 2က ထွက်လာတာမလို့ ဘယ်လိုတွေ စိတ်လှုပ်ရှားစွာ ကြည့်ရမလဲ ဆိုတာကတော့...

0 comments:

Post a Comment