Rev (2020)

Rating : 5.2/10
Country :  United State
Genre : Action, Drama 
Cast : Sam Asante, Sebastian Deery, Francisca Dennis 
Released Date : 2020
Duration : 2h 15min

 စုံထောက်ကားဆန်ဆန်လေးမို့ အကြိုက်တွေ့မှာ အမှန်ပါပဲ။ မိုက်ကီ(မိုက်ကယ်)ဆိုတဲ့ ကားသူခိုးလေး တစ်ယောက်ရှိပါတယ်။
သူကတော့ အသက် ၁၅ နှစ်ကတည်းက ကားခိုးတဲ့ အလုပ်ကို လုပ်ကိုင်နေသူပါ။
Computer တွေ programme တွေ ကျွမ်းတဲ့ သူ့အတွက်တော့ Auto အဆင့်မြင့်ကားတွေ ခိုးရတာ လွယ်ကူလွန်းလှပါတယ်။
ဇမသေးလှတဲ့သူဟာ ရဲကားတွေတောင် အကြိမ်ကြိမ် ခိုးခဲ့သူပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ရဲတွေရဲ့ အကွက်ချ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

အပေးအယူကတော့ မြို့ရဲ့ နာမည်ကြီး ကားသူခိုးဂိုဏ်းကို ဝင်ပြီး သူလျှိုလုပ်ပေးဖို့ပါပဲ။ ဒီလိုနဲ့ ထောင်ထဲမဝင်ချင်တဲ့ မိုက်ကီ တစ်ယောက် ကားသူခိုးဂိုဏ်းထဲရောက်လာပြီး ခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ရရှိလာပါတယ်။
သူဝင်သွားခဲ့တဲ့နေရာက သာမာန်ကားသူခိုးဂိုဏ်းလေးမဟုတ်တာကို သိရှိလာပြီးနောက်မှာတော့ မိုက်ကီ တစ်ယောက် ရဲတွေ နဲ့ လူဆိုးတွေကြားမှာ တိုင်ပတ်လာပါတော့တယ်။
မိုက်ကီ တစ်ယောက် အရှုပ်ထုပ်တွေထဲက ရုန်းထွက်နိုင်ပါ့မလား။
ဘယ်ဖက်ကို သစ္စာရှိသွားမလဲ။ ကိုယ်လွတ်ရုန်းသွားလေမလား စတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

0 comments:

Post a Comment