Queen Love and War (2019)

16 Episodes

Rating : 7.9/10
Country : South Korean
Genre : Historical,Romance,Drama,Fantasy,Political
Cast : Jin Se Yeon,Kim Min Kyu,Do Sang Woo,Lee Yeol Eum

ဒီ drama ထဲမှာတော့ မိဖုရားဖြစ်လာဖို့အတွက် တိုက်ခိုက်နေကြတဲ့ အမျိုးသမီးတွေကြားက စစ်ပွဲ.....
တော်ဝင်မိသားစုနဲ့ ဆက်နွှယ်ခြင်းမရှိဘဲ အာဏာကိုပိုင်ဆိုင်နိုင်တဲ့ တစ်ဦးတည်းသော ဖိဖုရားသစ်ကို ရွေးချယ်တင်မြှောက်ခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကြား အပြင်းအထန် ယှဉ်ပြိုင်ကြပုံကို တွေ့ရမှာဖြစ်ပါတယ်....

တစ်နေ့ Kang Eun-Bo's (Jin Se-Yun) ရဲ့ အမြွှာညီမဟာ အသတ်ခံခဲ့ရပါတယ်
Kang Eun Bo ဟာ အမြွှာညီမသေဆုံးမှုအတွက် ဘယ်သူ့ဆီမှာ တာဝန်ရှိလည်းဆိုတာကို စုံစမ်းဖို့အတွက် မိဖုရားဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်....
ဒီလိုနဲ့ Eun Bo ဟာ အမြွှာညီမသေဆုံးမှုအတွက် အမှန်တရားကို ရှာဖွေဖို့ကြိုးစားပါတော့တယ်

Lee Kyung (Kim Min-Kyu) ကတော့ ငယ်ရွယ်ချောမောပြီး ဉာဏ်ထက်တဲ့ဘုရင်တစ်ပါး...
ခေါင်းကိုသေနတ်ထိမှန်ပြီးနောက် မမြင်နိုင်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါ...
ဘုရင် Lee Kyung တစ်ယောက် သူ မျှော်လင့်မထားတဲ့အခြေအနေကိစ္စတွေထဲ ပါဝင်ပက်သက်လာခဲ့ရတဲ့အခါ......
Lee Kyung အမြဲမက်လေ့ရှိတဲ့ အိပ်မက်ထဲ
မှတ်မိနေတဲ့ အမျိုးသမီးနဲ့ ပတ်သက်ဆက်နွယ်မှုကကောဘာလဲ....

အရမ်းကို စိတ်ဝင်တစားနဲ့ကြည့်ရှုရအုံးမယ့် drama လေးဖြစ်လို့ နန်းတွင်းကားကြိုက်သူလေးတွေ အကြိုက်တွေ့စေအုံးမယ် drama ကောင်းလေးဖြစ်မှာမို့ လက်မလွှတ်သင့်ဘူးနော်

0 comments:

Post a Comment