Puck (2016)

16 Episodes

Rating : 7.8/10
Country : South Korean
Genre : Friendship,Youth,Drama,Sports
Cast : Lee Kwang Soo,Jung Hae Kyun,Soo Soo Hyun

ပျိုမေလေးတို့ရဲ့ အသဲစွဲ Asia Prince လို့ တင်စားခြင်းခံရတဲ့ Lee Kwang Soo ရဲ့ 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ Web Drama လေးပါ ... အပိုင်းရေ ၂ ပိုင်းပဲ ပါဝင်တာတော့ ဇာတ်လမ်းအရှည်ကြီးတွေ သဘောမကျတတ်တဲ့ သူများအတွက်လဲ အဆင်ပြေစေမှာပါ ...

ဇာတ်လမ်းလေးအကြောင်း ပြောပြရမယ်ဆိုရင်တော့ဖြင့် -

ဂျိုမန်​ ( Lee Kwang Soo ) က သူ့ဇနီးရဲ့ အ​ကြွေ​းတွေကို ဆပ်​​ပေးဖို့ အ​ကြွေးရှင်​ဆီမှာ လူယုံတစ်​​ယောက်​အဖြစ်​အလုပ်​လုပ်​ရပါတယ်​ ... တစ်​​နေ့ သူအ​ကြွေး​တောင်​းရင်​း လူတစ်​​ယောက်​ကို သတ်မိမလို ဖြစ်သွားရတဲ့ အခါ ...

သူအ​ကြွေးသွား​တောင်​းရတဲ့ ​ဟော်​ကီနည်​းပြဟာ အ​ခြေအ​နေအမျိုးအမျိုး​ကြောင်​့ အသင်​းကို ဖျက်​သိမ်​းဖို့တွန်​းအား​ပေးခံ​နေရပြီး ကစားပွဲ​တွေဆက်​ကစားရန်​ လူတစ်​​ယောက်​လိုလာတဲ့အချိန် ဂျိုမန် ( Kwang Soo ) က အ​ကြွေးရဖို့ ​ဟော်​ကီအသင်​းက ဒဏ်​ရာရထားတဲ့ ကစားသမား​ယောင်​​ဆောင်​ပြီး အသင်​းမှာ ဝင်​ကစားခဲ့တယ်​ ...

သနားတတ်​တဲ့ ဂျိုမန် က​ရော ​ကောင်​မ​လေးတစ်​​ယောက်​နဲ့​တွေ့တဲ့အခါ ဘယ်​လို​တွေဆက်​ဖြစ်​လာကြမလဲဆိုတာကိုတော့ '' PUCK '' ဆိုတဲ့ ဒီဇာတ်ကားလေးမှာ ပါဝင်ခံစား စီးမြောလိုက်ကြပါဦးနော် ...

Main Cast တွေကတော့ - Main Actor အနေနဲ့ Lee Kwang Soo နဲ့ Kwak Dong Yeon တို့ ပါဝင်သရုပ်ဆောင်ထားပြီး Main Actress အနေနဲ့ကတော့ မင်းသမီး Sohn Su Hyun တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...

Rating အနေနဲ့ကတော့ IMDb မှာ 8.1/10 အထိ ရရှိထားပြီး Viki မှာ 9.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ် ...

0 comments:

Post a Comment