Pathfinder (2007)

Rating : 5.4/10
Country : United State 
Genre :  Action, Adventure, Drama 
Cast : Karl Urban, Clancy Brown, Moon Bloodgood
Released Date : 2007
Duration : 1h 39min

 An Untold Legand” တဲ့။ သူဟာ ဒဏ္ဏာရီသူရဲကောင်းတစ်ယောက်ဖြစ်ပေမယ့် သူ့အကြောင်းကို ဘယ်သူမှ မပြောကြဘူး။ လူ့စိတ်ဟာ ဆန်းကြယ်တယ်။ ကိုယ်အမုန်းတီးဆုံးလူတစ်ယောက်က ကိုယ့်အသက်ကို ကယ်ခဲ့သည့်တိုင်အောင် ကျေးဇူးမတင်ချင်ပေမယ့် မသိစိတ်ထဲမှာ တိတ်တိတ်လေး ကျိတ်ပြီး အားကိုးနေမိတာမျိုး။ ဒါကြောင့်ပဲ သူ့အကြောင်းဟာ ပိုပြီး ဒဏ္ဏာရီဆန်ခဲ့တယ်။ တစ္ဆေလို့ အများက ခေါ်ကြတဲ့ သူ့ကို ရက်ဒ်အင်ဒီးယန်းရွာကလေးမှာ ဘယ်သူကမှ မပေါင်းသင်းချင်ကြဘူး။ ဗိုက်ကင်းသင်္ဘောပျက်ထဲမှာ စွန့်ပစ်ခံခဲ့ရတဲ့ မွေးကင်းစအရွယ် သူ့ကို ကြင်နာတတ်တဲ့ ရက်ဒ်အင်ဒီယန်းမကြီးတစ်ယောက်က မွေးစားခဲ့တယ်။ အရွယ်ရောက်လာတဲ့အခါ အသွင်အပြင်ကအစ ကွဲပြားနေတဲ့သူ့ကို ရက်ဒ်အင်ဒီးယန်းတစ်ယောက်အဖြစ်တောင် စာရင်းအသွင်းမခံခဲ့ရဘူး။ ဒါပေမယ့် အနက်ရောင်တွေကြားမှာ သူ့အမေလို ဖြူစင်တဲ့နှလုံးသားပိုင်ရှင်တွေလည်း ရှိတာမို့ သူ့ကို ဖယ်ကျဉ်ထားကြတဲ့ ရွာသူရွာသားတွေကို သူမေတ္တာမပျက်ခဲ့ဘူး။ ကံဆိုးမိုးမှောင်ကျတဲ့နေ့တစ်နေ့မှာ တောထဲကို အမဲလိုက်သွားနေလို့ သူ ရွာထဲမှာ မရှိခဲ့ဘူး။ တစ်ရွာလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး နယ်မြေသစ်ကို လာရောက်ကျူးကျော်သိမ်းပိုက်လာတဲ့ ဗိုက်ကင်းမိစ္ဆာကောင်တွေကြောင့် အေးချမ်းတဲ့ ရွာလေးဟာ မီးပင်လယ်ဝေခဲ့ရတယ်။ မသေဘဲ ကျန်ရစ်တဲ့ အပြစ်မဲ့တဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ဘာမှ မခုခံတတ်တဲ့ အမျိုးသမီးတွေကိုလည်း ခိုင်းစားဖို့ ခေါ်ဆောင်သွားကြတယ်။ တစ်သက်လုံး အပစ်ပယ်ခံ အနေနဲ့ နေလာရပေမယ့် ဒီရွာသားတွေကို ကယ်တင်မယ့်သူကလည်း သူပဲ ကျန်တော့တယ်။ ခါးသီးတဲ့ အမှန်တရားတစ်ခုကလည်း ရှိသေးတယ်။ အဲဒါက သူကိုယ်တိုင်က ဗိုက်ကင်းမျိုးနွယ် ဖြစ်နေတာပါပဲ။ သူ ဘာကို ရွေးချယ်ရမလဲ။ သူ့ကို စွန့်ပစ်ခဲ့တဲ့ သူ့မျိုးနွယ်ကို ရွေးချယ်ရမလား။ သူ့ကို ကျွေးမွေးခဲ့ပေမယ့် ပစ်ပယ်ထားကြတဲ့ အင်ဒီးယန်းမျိုးနွယ်ကိုလား။
Marcus Nispel ရဲ့ Pathfinder ဟာ သူရိုက်ခဲ့တဲ့ The Texas Chainsaw Massacre, Friday the 13th, Conan the Barabrian စတဲ့ နာမည်ကြီးရုပ်ရှင်တွေထက် ပိုပြီး သဘောကျစရာကောင်းတာ အမှန်ပေမယ့် ဘာကြောင့်မှန်းမသိ rating ကတော့ နည်းနေခဲ့တယ်။ ဝေဖန်ရေးဆရာတွေရော၊ ပရိတ်သတ်တွေပါ သဘောကျခဲ့တာကတော့ Cinematography လို့ခေါ်တဲ့ ရုပ်ရှင်ဓါတ်ပုံပါပဲ။ အရုဏ်တက်ချိန်မှာ သစ်ပင်ကြိုကြားက ဖြာကျနေတဲ့ နေရောင်ခြည်ကလေးတွေ၊ တောနက်ထဲမှာ မမြင်ရတဲ့ အန္တရာယ်တစ်ခုခု ချဉ်းကပ်လာတဲ့ နိမိတ်တွေ၊ ရေခဲတောင်ပေါ်က သက်စွန့်ဆံဖျား ပြေးလွှားစွန့်စားခန်းတွေမှာ အမှောင်ဆန်တဲ့ ရိုက်ချက်တွေနဲ့ visually stunning ဖြစ်ပါတယ်လို့ အားလုံးက တစ်ညီတည်း ထောက်ခံကြပါတယ်။ 300, လီယိုနာဒို အော်စကာရတဲ့ The Revenant, နေကြတ်ချိန်မှာ အသက်လုပြေးရတဲ့ မာယန်းလူရိုင်းကား Apocalypto တို့နဲ့တော့ မယှဉ်သာပေမယ့် အဲဒီကားတွေရဲ့ အငွေ့အသက်ရမှာကတော့ အသေအချာပါပဲ။ အော် ဒါနဲ့ ရုပ်ရှင်ကို ကြည့်ရင်း ဒီမင်းသားကို မြင်ဖူးပါတယ်လို့ တွေးမိမယ်ဆိုရင်တော့ The Lord Of The Ring မှာ ကျောက်နံရံမြို့တော်က စစ်သူကြီး Eomer လို့ ပြောလိုက်ပါရစေ။

0 comments:

Post a Comment