Omen II: Damien (1978)

Rating : 6.3/10
Country : United State
Genre : Drama, Horror 
Cast : William Holden, Lee Grant, Jonathan Scott-Taylor
Released Date : 1978
Duration : 1h 47min

 ဒီကားလေးက June 9, 1978 မှာထွက်ရှိခဲ့တဲ့ The Omen ရဲ့ ဒုတိယမြောက်ကားလေးဖြစ်ပြီး Box office ဝင်ငွေ $26.5 million ရရှိတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။

dark, horror နဲ့ supernatural အမျိုးအစားကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက် စိတ်ဝင်စားစရာကားကောင်းတစ်ကားဖြစ်မှာပါ။

Robert နဲ့ Katherin Thorn တို့သေဆုံးပြီးတဲ့နောက် Damienကို ကျန်ရစ်သူ Robert Thorn ရဲ့အစ်ကို Richard Thornက မွေးစားခဲ့ပါတယ်။ Damien က Richard ရဲ့သား Markနဲ့ အတူ စစ်တက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။

သူ့ရဲ့စွမ်းအားတွေနဲ့ သူ့ရဲ့ဖြစ်တည်မှုကို မသိခဲ့တဲ့ Damienက သူ့ကိုချိန်းခြောက်သူတွေ သူ့အကြောင်းကိုဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေ အဖြစ်ဆိုးတွေကြုံတွေ့ပြီး သေဆုံးကြရတာကို တွေ့ခဲ့ရပါတယ်။

Damien ကိုကူညီနေတဲ့သူက သူ့အကြောင်းကိုရှာတွေ့မဲ့နေရာကို ပြောပြလိုက်တဲ့အခါ သူ အမှန်တရားကို ဘယ်လိုလက်ခံမလဲ။

သူ့အကြောင်းကို Richardတို့မသိအောင် ဘယ်လိုအစီအစဉ်တွေလုပ်မလဲ။ Damienရဲ့ အစစ်အမှန်ကို ဘယ်သူကဖော်ထုတ်နိုင်မလဲ စောင့်ကြည့်ပေးပါဦးရှင်

0 comments:

Post a Comment