Never Rarely Sometimes Always (2020)

Rating : 7.2/10
Country : United State
Genre : Drama
Cast : Sidney Flanigan, Talia Ryder, Théodore Pellerin
Released Date : 2020
Duration : 1h 41min

 လောကဒဏ်ဆိုတာမျိုးက လူတိုင်းတွေ့ကြုံရမှာပါပဲ…. ဒါပေမဲ့ လူတစ်ဦးချင်းစီအလျောက်တော့ လောကဒဏ်လှိုင်းရဲ့ ရိုက်ခတ်မှုက ကွာခြားသွားနိုင်ပါတယ်… အဆင်မပြေမှုတွေကို ဖုံးကွယ်နိုင်လာလေလေ… ပိုပြီးသန်မာလာလေလေပါပဲ။

အနောက်တိုင်းနိုင်ငံတွေမှာတော့ sex ကိစ္စဟာ ထမင်းစားရေသောက်လိုပါပဲ…။ ဒါပေမဲ့ အသက်မပြည့်သေးတဲ့ကလေးတွေ sex ကိစ္စကို ကျူးလွန်မိတဲ့အခါမှာတော့ မလိုလားအပ်တဲ့ကိစ္စတွေဖြစ်လာပါတော့တယ်။ အော့တမ်ဆိုတဲ့ အသက် 17 နှစ်အရွယ် မိန်းကလေးတစ်ယောက် မမျှော်လင့်ပဲ ကိုယ်ဝန်ရလာတဲ့အခါမှာတော့ သူမဟာ ကြံရာမရတဲ့အဆုံး ကိုယ်ဝန်ကိုဖျက်ချဖို့ ကြံစည်ပါတော့တယ်။

ဆရာဝန်တွေ ဖျောင်းဖျတာကိုလည်း သူနားမဝင်နိုင်တော့ပါဘူး။ နောက်ဆုံးမှာတော့ သူမရဲ့ဝမ်းကွဲညီမ စကိုင်လာနဲ့အတူ နယူးယော့မြို့ကို ထွက်ခွာခဲ့ပါတော့တယ်။ သူမတို့နှစ်ယောက် လမ်းခရီးမှာ ဘာတွေနဲ့ရင်ဆိုင်ရမလဲ သူမကြံစည်ထားသလို အရာအားလုံး အဆင်ပြေသွားပါ့မလား။ အဲ့လိုမျိုး ဇာတ်လမ်းဇာတ်ကွက်တွေကို သင်ခန်းစာရစရာ ပညာယူစရာတွေနဲ့ ကြည့်ရှုသွားရမှာဖြစ်ပါတယ်။

တစ်ခြားဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ ဇာတ်အိမ်ဖြစ်လို့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာပါ…။ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ…..

0 comments:

Post a Comment