My First Love (2018)

10 Episodes

Rating : 7.9/10
Country : South Korean
Genre : Mystery,Comedy,Romance,School,Drama,Fantasy
Cast : Lee Jung Shin,Seo Ji Hoon,Lee Yeol Eum

My First Love ဇာတ်လမ်းတွဲ
ဒါရိုက်တာ - မင်ယောင်ဟုန်း
ဇာတ်ညွှန်း - ပတ်ဂါယွန်း
သရုပ်ဆောင် - လီဂျောင်ရှင်း၊ လီယောအွန်း၊ ဆောဂျီဟွန်း
ပြသမည့်လိုင်း - OCN
ပြသမည့်အပိုင်း - ၈ ပိုင်း
ပြသမည့်ရက် - ဇန်နဝါရီ ၈ မှ ဇန်နဝါရီ ၃၀ အထိ
ပြသမည့်အချိန် - တနင်္လာနှင့် အင်္ဂါ ည ၉ နာရီ
နိုင်ငံ - တောင်ကိုရီးယား
အပိုင်းအားလုံးရိုက်ကူးပြီးမှ ထုတ်လွှင့်ပြသသောဒရမ်မာဇာတ်လမ်းတွဲ ဖြစ်သည်။
ကင်ဟီးရန်နှင့် ကင်ဗြောင်ဂွမ်တို့၏ “Aeganjang” အမည်ရှိ Webcomic စီးရီးကို အခြေခံရိုက်ကူးထားသည်။
အချစ်ဦးကို အချိန် ၁၀ နှစ်ကျော်ကြာ
မမေ့ပျောက်နိုင်သော အမျိုးသားတစ်ဦးထံသို့
အတိတ်ပြန်ရောက်သွားပြီး ပြန်လည် ပြင်ဆင်ခွင့်ရမည့် အခွင့်အရေးရောက်ရှိလာခဲ့ပုံကို
ဇာတ်အိမ်တည်ရိုက်ကူးထားသည်။
ဂန်ရှင်းဝူ (လီဂျောင်းရှင်း) သည် ရုပ်ရည်ချောမောသောသင်္ချာဆရာတစ်ဦး ဖြစ်သည်။
လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က
ချစ်မြတ်နိုးခဲ့ရသည့် ချစ်ဦးသူမိန်းကလေးဟန်ဂျီဆူ (လီယောအွန်း)ကိုယနေ့ထက်တိုင် မေ့မရဖြစ်နေခဲ့သည်။
တစ်နေ့တွင် မတော်တဆမှုတစ်ခုကြောင့် အထက်တန်းကျောင်းသားဘဝ ဖြစ်သည့် အတိတ်သို့ အိပ်မက်ဆန်ဆန် ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထိုကာလတွင် မိမိငယ်ဘဝကျောင်းသား လေးဂန်ရှင်းဝူ (ဆောဂျီဟွန်း) နှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။
ထိုအချိန်တွင် ဂန်ရှင်းဝူကမိမိငယ်ဘဝတွင် လက်လွတ်ခဲ့ရသောမိန်းကလေး၏ အချစ်ကိုရရှိစေရန် ကြိုးပမ်းခဲ့ပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမည်ဖြစ်သည်။

0 comments:

Post a Comment