Missing You (2012)

21 Episodes

Rating : 8.1/10
Country : South Korean
Genre : Romance,Drama,Melodrama
Cast : Yoon Eun Hye,Park Yoo Chun,Yoo Seung Ho

အရမ်းချစ်တဲ့ ချစ်သူနှစ်ဦးကြားက ရင်နင့်ဖွယ်အလွမ်း ကို သင်တို့တွေ့ဖူးကြရဲ့လား။

ချစ်သူဘေးဒုက္ခရောက်နေချိန်မှာ ဘေးနားမှာရှိနေသင့်ရဲ့သားနဲ့ အကူအညီ အပြေးသွားတောင်းတဲ့ ချစ်သူရဲ့ စိတ်သောက၊ ကိုယ့်ကိုဒုက္ခတောထဲမှာ ချန်ထားရစ်ခဲ့ပြီလားဆိုတဲ့ စိတ်သောက၊ အဲဒီသောကတွေကို ရင်ဝယ်ပိုက်ထားရတဲ့ ချစ်သူနှစ်ဦးရဲ့ ပြန်လည်တွေ့ဆုံမှုကရော ဆွတ်ပျံ့လွမ်းမောဖွယ် ဖြစ်နေမလားဆိုတာ ဒီဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာပါ

တစ်ချိန်တုန်းက ချစ်သူကိုလက်လွှတ်လိုက်ရလို့ အခုပြန်တွေ့ချိန်မှာ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လက်မလွှတ်တော့ဘူးဆိုတဲ့ အမျိုးသားတစ်ဦးနဲ့ တစ်ချိန်က ကိုယ့်ကိုဒုက္ခတောထဲမှာ ချန်ထားရစ်ခဲ့တယ်ဆိုပြီး အမုန်းကြီးမုန်းခဲ့ပေမယ့် သူ့ကိုချစ်နေဆဲပဲ ဆိုတဲ့ အမျိုးသမီးတစ်ဦးတို့ကြားက လွမ်းငွေ့ရယ်မပြေ သံယောဇဉ်တွေ ရှေ့ဆက်နိုင်ပါ့မလား ….

အသက် ၁၅ နှစ်အရွယ် ဆိုယွန်းဟာ ဖခင်ဖြစ်သူက လူသတ်သမားဖြစ်တဲ့အတွက် ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ မကြာခင်ပဲ အဲဒီအနိုင်ကျင့်မှုတွေကနေ ကာကွယ်ပေးမယ့် အတန်းဖော် ဂျောင်ဝူးဆိုတဲ့ ကျောင်းသား တစ်ဦးနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပါတယ်။

ဆိုယွန်းနဲ့ ဂျောင်ဝူး တို့က လူငယ်တို့သဘာဝ ချစ်ခင်နှစ်သက်ခဲ့ကြပေမယ့် နှုတ်စကားနဲ့ပင် ဖော်ပြလို့မရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် နှစ်ဦးသား သောကတွေ၊ ဒေါသတွေ ရင်ဝယ်ပိုက်ပြီး ကွဲကွာ ခဲ့ကြပါတယ်။ အခုတော့ ကံကြမ္မာရဲ့ စေစားမှုကြောင့် သူတို့တွေ တစ်ဖန် ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ပါပြီ။

ဂျောင်ဝူးဟာ စုံထောက်တစ်ဦး ဖြစ်​ပြီး သူ့ရဲ့ ချစ်ဦးသူ မိန်းကလေးကိုသာ စိတ်ထဲမှာအမြဲသိမ်းဆည်းထားသူ တစ်ဦးဖြစ်လို့နေပါပြီ။ ဆိုယွန်းကတော့ ကိုယ်ရည်ကိုယ်သွေးထက်မြက်နေတဲ့ မိန်းကလေးလို့ ဟန်ဆောင်ကြိုးစားနေရတဲ့ တက်သစ်စ ဖက်ရှင်ဒီဇိုင်နာ ဖြစ်နေပါပြီ။ ဒါပေမယ့် ဖြစ်ရပ်ဆိုးကြီးကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေက အနာမကျက်သေးပါဘူး။ နွးထွေးပြီး သဘောကောင်းတဲ့ ယောင်းဂျွန်းဟာ ဆိုယွန်းရဲ့ လက်ရှိချစ်သူဖြစ်ပြီး ဘေးနားကနေ အရိပ်တကြည့်ကြည့်နဲ့ ကာကွယ်ပေးတတ်သူပါ။

ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် သူတို့သုံးဦးဟာ အမှုတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ရင်နင့်ဖွယ် အလွမ်းတွေကို ပုံဖော်ခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းတွဲမှာ ပတ်ယူချန်း၊ ယွန်းအွန်ဟေး၊ ယူဆောင်းဟို၊ ကင်ဆိုယောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အပိုင်း ၂၁ ပိုင်​း ပါဝင်ပြီး MBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

0 comments:

Post a Comment