Live Up To Your Name (2017)

16 Episdoes

Rating : 8.4/10
Country : South Korean
Genre : Historical,Comedy,Romance,Medical,Fantasy
Cast : Kim Nam Gil,Kim Ah Joong

၁၇ ရာစုနဲ့ ၂၁ ရာစုက ထူးချွန်တဲ့ ဆရာဝန်နှစ်ဦးရဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မတူညီတဲ့ ခေတ်နှစ်ခုကလူနှစ်ဦး ဆုံမိတဲ့အခါမှာ ကြုံရတဲ့အဖြစ်အပျက်တွေ ကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဟိုအင်းဟာဂျိုဆွန်ခေတ်က သမားတော်တစ်ဦးဖြစ်ပြီးလူနာတွေအပေါ် စေတနာထားသလို သူ့ရဲ့ ပြောင်မြောက်တဲ့ ဆေးကုသမှုတွေကြောင့် ပြည်သူတွေ အားထားနေရသူတစ်ဦးပါ။ တစ်ရက်မှာတော့ ဘုရင့်ကိုယ်လုပ်တော်တစ်ဦးရဲ့ သားဆိုတဲ့ အကြောင်းအရာတစ်ခု ပေါ်ထွက်လာပြီး နောက်မှာတော့ ဟိုအင်းရဲ့ အောင်မြင်မှုတွေကို ပိတ်ဆို့လိုက်သလိုဖြစ်ခဲ့ပါတယ်။

နောက်တော့ သူ့ကိုမကျေ နပ်သူတွေရဲ့ ဒုက္ခပေးမှုကြောင့် ဟိုအင်းတစ်ယောက်မြားမှန်ပြီး ရေထဲကျခဲ့ကာ သူသတိပြန်ရချိန် မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တစ် ခုဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဂျိုးဆွန်ခေတ်က ဟိုအင်းတစ် ယောက် ယနေ့ခေတ်ဆိုးလ်မြို့ကို ရောက်နေလို့ပဲဖြစ်ပါတယ်။

ရှေးအဝတ်အစားကြီးနဲ့ဟို အင်းတစ်ယောက် ကိုယ်မသိတဲ့ အရပ်ပတ်ဝန်းကျင်မှာ ယောင်လည်လည်ဖြစ်ခဲ့သလို ခေတ်မီအဆောက်အအုံတွေ၊ စက်ပစ္စည်း တွေနဲ့ ထိတွေ့တဲ့အခါမှာ အလွဲ တွေကြုံရပါတော့တယ်။

ဒေါက်တာချွဲယွန်ဂျောင်း ဟာ ခွဲစိတ်အထူးကုဆရာဝန်တစ် ဦးဖြစ်ပြီး ခေတ်ပေါ်ဆေးဝါးတွေ၊ ကုသမှုစနစ်တွေကိုသာ ယုံကြည် သူဖြစ်ပြီး အပေါ်ယံကြည့်ရင် ဘယ်သူ့မှ ဂရုမစိုက်သွေးအေး တတ်သူလို့ထင်ရပေမယ့် တကယ်တမ်းတော့ နိုက်ကလပ်တွေသွား ပြီး စိတ်ဖိစီးမှုတွေ ပျောက်အောင်ကြိုးပမ်းနေရသူပါ။

တစ်ရက်မှာတော့ အလွဲတွေ မလွတ်ကင်းတဲ့ ဟိုအင်းနဲ့ ဒေါက်တာယွန်ဂျောင်းတို့ အလွဲတွေလုပ် ရင်းကပဲ ဆုံကြပါတော့တယ်။ ရှေးအဝတ်အစားဝတ်ထားသလို အူတူတူနဲ့ ဟိုအင်းကို ယွန်ဂျောင်းကြည့်မရခဲ့ပေမယ့် အလန်းစားစတိုင်နဲ့ ယွန်ဂျောင်းကိုတော့ ဟိုအင်းက စိတ်ဝင်စားခဲ့ပါတယ်။

ဒီလိုနဲ့ အရေးပေါ်လူနာတစ် ဦး မျက်စိရှေ့တွေ့တုန်း ဟိုအင်းက သူ့အပ်စိုက်ကုထုံးနဲ့ကုဖို့ ဟန်ပြင်ပေမယ့် ယွန်ဂျောင်းရောက် လာပြီး ဝင်ကုပါတော့တယ်။

ခေတ်သစ် သမားတော်နဲ့ ရှေးခေတ် သမားတော်နှစ်ဦး ထိပ် တိုက်တွေ့တဲ့အခါမှာ ဘယ်လို ပြဿနာတွေ ဖြစ်လာမှာလဲ၊ ဆေးပညာနဲ့ဆက်နွှယ်ပြီး ဇာတ်အိမ် တည်ထားတဲ့ ပုံစံလေးကြောင့် ပရိသတ်တွေ သဘောကျမယ့် ဒီဇာတ်ကားလေးမှာ ကင်နမ်ဂျီ၊ ကင်အာ ဂျုံ၊ မွန်းဂါယောင်း၊ ကင်မြောင်ဂွန် စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

0 comments:

Post a Comment