Legal High (2019)

16 Episdoes

Rating : 7.8/10
Country : South Korean
Genre : Friendship,Mystery,Business,Comedy,Law,Life,Drama
Cast :  Jin Goo,Seo Eun Soo,Yoon Park,,Chae Jung Ahn,Jung Sang Hoon

Castတွေအနေနဲ့ကတော့...
Youတို့သိပ်သဘောကျခဲ့တဲ့ Descendants Of The Sun(DOTS) ဇာတ်လမ်းတွဲထဲက ချစ်သူကောင်မလေးအတွက် အနှစ်နာခံလွန်းသူကြီး အဖြစ်ပါဝင်ထားတဲ့ မင်းသား Jin Gooပါဝင်သရုပ်ဆောင်ထားပြီး..
မင်းသမီးကတော့ မကြာခင်ကမှထွက်ရှိထားတဲ့ The Smile Has left your Eyesနဲ့ Top Management ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Seo Eun-Suတို့ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း...

Ko Tae-Rim(Jin Goo) မာနထောင်လွှားပြီး ဝေဖန်ချက်ပြင်းလွန်းပေမယ့် အမှုလိုက်ကိစ္စတွေမှာ အောင်မြင်ချက် (၁၀၀)ရာခိုင်နှုန်းရှိထားတဲ့ အကြမ်းစားရှေ့နေတစ်ဦးဖြစ်ပါသည်။ မာနထောင်လွှားပြီး တော်သလောက် သူ၏ရှေ့နေအဖိုးခကလည်း သေလောက်အောင် များလွန်းပါသည်။

Seo Jae-In(Seo Eun-Su)... သူမဟာ အလုပ်သင် ရှေ့နေတစ်အယောက်ဖြစ်ပါတယ်။မကျေမနပ်ချက်တွေအတွက် အပြင်းအထန်ကြိုးစားနေရသူလည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ မာနကြီးရှေ့နေနဲ့အလုပ်သင် ရှေ့နေတို့နှစ်ဦးသား မထင်မှတ်တဲ့ ပြဿနာတစ်ခုကြောင့် ဆုံတွေ့ကြတဲအခါမှာတော့....

0 comments:

Post a Comment