Knives Out (2019)

Rating : 7.9/10
Country : United State
Genre : Comedy, Crime, Drama 
Cast : Daniel Craig, Chris Evans, Ana de Armas 
Released Date : 2019
Duration : 2h 10min 

Comedy/Drama/Thriller အမျိုးအစားဖြစ်တဲ့
စုံထောက်ကားတစ်ကားနဲ့ မိတ်ဆက်ပေးရပါစေ

ဒီဇာတ်ကားမှာ Harlan Thrombey လို့ခေါ်တဲ့ နာမည်ကြီး
စာရေးဆရာတစ်ယောက်ဟာ သူရဲ့ ၈၅ နှစ်ပြည့် မွေးနေ့ညမှာပဲ
ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်

ဒါပေမယ့် သူသေဆုံးမှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့သူတစ်ယောက်က
Blanc လို့ခေါ်တဲ့ နာမည်ကြီး စုံထောက်တစ်ယောက်ကို စုံစမ်းစစ်ဆေးဖို့
အမည်မသိ ငှားရမ်းခဲ့ပါတော့တယ်

ဒီအမှုဟာ တကယ်ပဲ သတ်သေမှုမဟုတ်ဘဲ တစုံတဦးက သတ်လိုက်တာလား
ဘယ်သူက သတ်လိုက်တာလဲ ဘာအတွက်လဲ ဘယ်လိုသတ်တာလဲ

Blanc တစ်ယောက်အဲဒါကို ဘယ်လိုဖော်ထုတ်မလဲစတဲ့ မေးခွန်းတွေနဲ့
စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ

IMDb အနေနဲ့ 8.1 ရရှိထားပြီး မင်းသားကြီး Daniel Crag၊
Captain America လို့အားလုံးသိကြတဲ့ Chris Evan၊
မင်းသမီး Ana de Armas၊ 13 Reasons Why ထဲကမင်းသမီး Hannah Baker နဲ့
အခြားသရုပ်ဆောင်များစွာ ပါဝင်ထားလို့ ကြည့်ရှူဖို့ တိုက်တွန်းပါရစေနော်

0 comments:

Post a Comment