Killed My Wife (2019)

Rating : 5.2/10
Country : Korea
Genre : Drama, Thriller
Cast : Si-eon Lee, Ji-hye Wang, Nae-sang Ahn
Released Date : 2019
Duration : 1h 35min

 2019 Dec ကထွက်ရှိထားတဲ့ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ Korean Thriller/Mystery ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်MDL ကပေးထားတဲ့ Rating 6/10ရရှိထားတဲ့ ကားလေးလဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ မိန်းမနဲ့အဆင်မပြေ အလုပ်လဲအဆင်မပြေဖြစ်နေတဲ့ ချွဲဂျင်းဟိုဆိုတဲ့သူဟာ တရက် သူငယ်ချင်းနဲ့အရက်သောက်ပြီးတော့မနက်နိုးလာတဲ့အချိန်မှာ သူ့အိမ်ရှေ့တံခါးဝမှာ ရဲဝန်ထမ်းတစ်ယောက်ရောက်နေတာကို သိလိုက်ရပါတယ်။
အကြွေးတွေပတ်လည်ဝိုင်းနေလို့ မိန်းမဖြစ်သူ ဂျောင်းမီယောင်းနဲ့ အဆင်မပြေဖြစ်ပြီးခွဲနေနေရတဲ့ ချွဲဂျင်းဟို အရက်သောက်ထားတဲ့ညကတင်သူ့မိန်းမနဲ့တွေ့ပြီးပြန်လာခဲ့ပေမယ့် မနက်ရောက်တဲ့အခါမှာတော့ သူ့မိန်းမဖြစ်သူအသတ်ခံရကြောင်း ကြားသိလိုက်ရတဲ့အခါ အရမ်းတုန်လှုပ်သွားခဲ့ပါတယ်။နောက်ထပ်မထင်မှတ်ထားတာတစ်ခုက သူ့မိန်းမကို သတ်တဲ့သူက တခြားသူမဟုတ်ပဲ သူကိုယ်တိုင်ဖြစ်နေကြောင်းရဲဝန်ထမ်းကနေတစ်ဆင့် ကြားသိလိုက်ရသောအခါ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာရယ်လူသတ်တရားခံက တကယ်ပဲ ချွဲဂျင်းဆူလားဒါမှမဟုတ် အခြားတစ်ယောက်လားဆိုတာ တွေးစရာလေးတွေလှည့်ကွက်လေးတွေလည်းမြှုပ်ထားတာမလို့ ပရိသတ်ကြီး ကိုယ်တိုင်ပဲ ဒီဇာတ်ကားလေးကိုကြည့်ရင်း စီးမျောခံစားကြည့်လိုက်ကြပါ။

0 comments:

Post a Comment