Just Heroes (1989)

Rating : 6.5/10
Country : China
Genre : Action, Crime, Drama
Cast : David Chiang, Danny Lee, Kuan Tai Chen
Released Date : 1989
Duration : 1h 37min

 ဒီကားဟာ Stephen Chowရဲ့ အစောဆုံးဇာတ်ကားလို့ပြောလို့မရသေးပါဘူး။ သူ့ရှေ့မှာ Final Justic တို့ Faithfully Yoursတို့မှ Main Actorအဖြစ် ပါဝင်ခဲ့ဖူးပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ Supporting Actor အနေနဲ့ပဲပါဝင်ပါတယ်။
Final Justic နဲ့ Faithfully Yours ကိုsc channel က တင်ဆက်ပြီးပါပိ

ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF တို့က တင်ဆက်ပေးလိုက်ပါတယ်

ရုပ်ရှင်ကရရှိတဲ့ အကျိုးအမြတ်ကို ဟောင်ကောင်ဒါရိုက်တာအဖွဲ့ ရန်ပုံငွေအတွက် ရည်ရွယ်ရိုက်ကူးခဲ့ပေမယ့် ရလာတဲ့ Box Office က ၇မီလီယံသာရရှိတာမို့ ပရိုဂျူဆာက နောက်ရုပ်ရှင်အတွက်သာထည့်သုံး လိုက် ပါတယ်။ဒီရုပ်ရှင်ဟာ 1989တနှစ်တာ Box office စာရင်းမှာ အဆင့် ၄၈ နေရာ ၌ သာ ရပ်တည်ခဲ့ပါတယ်။
_________
ဟောင်ကောင်မှာ မာဖီးယား‌ တွေအုပ်စိုးစဉ်ကပေါ့။ ဂိုဏ်းတိုင်းက လေးစားရတဲ့ မာဖီးယား ကြီးတစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူ့မှာဆိုးတူဆိုးဖက် သား၃ယောက်လဲရှိပါတယ်တဲ့။ ကျန်တာတော့ဆက်ကြည့်လိုက်ပါတော့။ချတာနှပ်တာ နဲ့တကားလုံး ကြည့်ရမှာဖြစ်လို့ ချောင်ကို အသွင်တစ်မျိုး၊အမြင် တစ်မျိုးမြင်ရမယ့်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
___________
မြင်နေကြ Comedy Typeကို မြင်ရမှာမဟုတ်ပဲ ၁၉၈၀ ကျော်ကာလဆိုတော့ ဆရာကြီး မဖြစ်သေးတဲ့ ပညာသင်ကာလပေါ့ဗျာ။ Action အမျိုးအစားဖြစ်လို့ ရယ်ရလားလို့တော့မမေးပါနဲ့။မအောင်မြင်ခင်ကာလမှာ မင်းသားကြီးတွေကြား ချောင်ဘယ်လို မျက်နှာငယ်နဲ့ ဝင်သရုပ်‌ဆောင်ထားလဲဆိုတာ တွေကိုမြင်ရမှာဖြစ်ပါတယ်။

0 comments:

Post a Comment